MOR 36 (U&Z)

844 70 2
                                    

(Unicode)

ခွပ်...

ခွပ်...

ခွပ်...

ဒုန်းဆိုင်း စီးလာတဲ့ မြင်းနှစ်ကောင်က ယှဉ်လျက်။ မြင်းပေါ်မှာတော့ လူနှစ်ယောက် လိုက်ပါလာသည်။

ဝမ်ရိချီးနဲ့ ယိမ်းယင်းပင်.....

ညီဖြစ်သူ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ကို ၃ ရက်အတွင်း ပြန်လာခေါ်မယ်လို့ ပြောခဲ့တာကြောင့် ဝမ်ရိချီးက မနားတမ်း ခရီးဆက်သည်။ တဖက်မှာလည်း ယိမ်းယင်းခမျာ ယောကျာ်းလေး တစ်ယောက်နဲ့ နှစ်ယောက်တည်း ခရီးရှည်သွားနေရတာမို့ အမြန်ဆုံး အိမ်ပြန်ရောက်ရန်သာ စိတ်ဆောနေခဲ့သည်။

*ယိမ်းယင်း...ရှေ့က ဆိုင်လေးမှာ ခဏ နားရအောင်...

*ကောင်းသားပဲ ရိချီးကောကော...

တရက်နဲ့ တည အပြင်းအထန် ခရီးနှင်ခဲ့တာကြောင့် မြင်းရော လူရော နားဖို့ရန် လိုအပ်နေပြီ မဟုတ်ပါလား။ လမ်းဘေးဆိုင်လေး တခုမှာ ဝမ်ရိချီးတို့ ရပ်နားလိုက်ကြသည်။

*ဘာများ သုံးဆောင်ကြမလဲ ခရီးသည်တို့...

ဆိုင်ရှင်က ဖော်ရွေစွာ မေးလေသည်။

*ရေနွေးတအိုးနဲ့ ပေါက်စီ ချပေးပါ...

*ရပါမယ်...ခဏလေး စောင့်ပါ ခင်ဗျ...

ဆိုင်ရှင်က သွက်လက်စွာ ထွက်သွားသည်။ တအောင့်အကြာမှာတော့ ရေနွေးတအိုးနဲ့ ပေါက်စီပူပူ တစ်ပန်းကန် ရောက်လာလေသည်။

*စား ယိမ်းယင်း...ပြီးရင် ကောကောတို့ ခရီး ဆက်ရအောင်...

*ဟုတ်...

ယိမ်းယင်းက ခေါင်းငြိမ့်ကာ ပေါက်စီကို ယူရန် လက်လှမ်းလိုက်သည်။

ဝှစ်...

*အ...ရိချီးကော...

လေကို ခွင်းလာတဲ့ မြားတစင်းက ယိမ်းယင်း လက်မောင်းကို တည့်တည့် လာစိုက်သည်။

*ယိမ်းယင်း...

ဝမ်ရိချီးက အလန့်တကြား အော်ရင်း ယိမ်းယင်းကို​ပွေ့ယူလိုက်သည်။

*ကောကော...သတိထား ရန်သူရှိတယ်...

ယိမ်းယင်းက နာကျင်မှုကို ကြိုးစား ထိန်းရင်း ဝမ်ရိချီးအား သတိပေး လိုက်သည်။

Melody of The River (U&Z)-CompletedWhere stories live. Discover now