MOR 49 (U&Z)

831 74 3
                                    

(Unicode)

*ကိုကို ဘာတွေ အလုပ်များနေတာလဲ...

လင်းချီ စံအိမ်ဆီမှ ဝမ်ရိပေါ် ပြန်လာပြီးကတည်းက ရှောင်းကျန့် တယောက် တလှုပ်လှုပ်နဲ့ အလုပ် များနေခဲ့သည်။ တခါတရံ ဝမ်ကျွယ်ရှင်းနဲ့ တစုံတခုအား ဆွေးနွေးနေတတ်သလို တခါတရံတော့လည်း တယောက်တည်း ငေးငိုင် နေတတ်သည်။ သို့သော်လည်း လင်းချီးယန်နဲ့မူ ရယ်ရယ်မောမော စကား ပြောတတ်နေပြန်သည်။

*ဟင်းးး...အိ်မ်အလုပ်ကတော့ ဒီလိုပါပဲ ရိပေါ်ရယ်...အိမ်တော်မှာလည်း လူနည်းနေတော့...ကိုယ်တိုင်ပဲ လုပ်လိုက်တော့တာပါ...
မင်းရော...ဘယ်က ပြန်လာတာလဲ...

ရှောင်းကျန့်က ဝမ်ရိပေါ်ကို မေးရင်း ခုံတလုံးမှာ ဝင်ထိုင်လိုက်သည်။

*ရိချီးတို့ဆီ ခဏ သွားတာပါ...အိမ်တော်မှာလည်း လူနည်းနေတော့...ပြန်လာနေဖို့ သွားခေါ်တာလေ...

*အာ...ဘာလုပ်ဖို့ သွားခေါ်တာလဲ...သူ့ဘာသာ နေပါစေ...မလာခိုင်းနဲ့...

ရှောင်းကျန့်က မျက်မှောင်ကြုံ့ကာ ငြင်းလိုက်သည်။ ဝမ်ရိပေါ်က ဂရုတစိုက် ကြည့်နေလေသည်။

*ဘာလို့လဲ ကိုကို...သူလည်း ဒီအိမ်တော်က...သားတော် တပါးပဲဟာ...

ဝမ်ရိပေါ်က စောဒက တက်လိုက်သည်။ ရှောင်းကျန့်က သက်ပြင်းချသည်။

*ရိပေါ်...ရိချီးက ယိမ်းအိမ်တော်ရဲ့ တဦးတည်းသော သမက်လေ...သူရှိမှ ယိမ်းစံအိမ်က အဆင်ပြေမှာပေါ့...မင်းက မင်းအိမ်တော်မှာ...လူနည်းတိုင်း သွားခေါ်နေရင်...အဓိပ္ပာယ် မရှိတော့ဘူးလေ...တကိုယ်ကောင်း မဆန်ရဘူးနော် ရိပေါ်...ဟုတ်လား...

ရှောင်းကျန့်က တွေးတွေးစစ ပြောလိုက်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့် ရှေ့မှာ ဒူးထောက်ကာ မော့ကြည့်နေသည်။

ကိုကိုက ဒီလောက် တွေးပေးတတ်ရဲ့သားနဲ့...ဘာလို့များ ကျွန်တော့်ရဲ့ အစ်ကိုတော်တွေကို သတ်ခဲ့ရတာလဲ...တူတော်တွေ တူမတော်တွေအထိ ရက်ရက်စက်စက် သတ်ခဲ့တာက ဘာကြောင့်လဲ...ဘကြီးတော်ကို မကျေနပ်ခဲ့တဲ့ ရန်ညိုးကြောင့်ဆိုရင်လည်း...ရိချီးနဲ့ ယိမ်းယင်းကျတော့ ဘာလို့ လွှတ်ပေးထားတာလဲ...ရင်းနှီးလို့ပေါ့လို့ တွေးရင်တောင်...ကျန်တဲ့ အစ်ကိုတော်တွေကလည်း...ကိုကို့အတွက် သွေးသားအရင်းတွေလို...ဂရုစိုက်ခဲ့ကြတာလေ...ဘာကြောင့်များလည်း ကိုကိုရယ်...ဟင်းးး...

Melody of The River (U&Z)-CompletedWhere stories live. Discover now