P1

65 2 0
                                    

ဖန့်ရန်အရင်ဘဝတုန်းကမ​သေရုံတမယ်ရုန်းကန်လှုပ်ရှားနေရတဲ့အောက်ခြေဝန်ထမ်းဖြစ်သည်။
သူဘယ်လိုကူးပြောင်းလာမှန်းမရေမရာဖြစ်ပေမယ့်ကူးပြောင်းလာတဲ့အတွက်တကယ်ပျော်သည်။

ကူးပြောင်းလာပြီးမှဖန့်ရန်ဘဝကလိုလေသေးမရှိပြည့်ပြည့်စုံစုံနေရပြီးလွတ်လပ်​ပေါ့ပါးတယ်။လူတိုင်းကရိုသေလေးစားခြင်းခံရသည်။

ဒါပေမယ့်သူ့လွတ်လပ်ပေါ့ပါးတဲ့ဘဝကကြာကြာမခံပါဘူးကျန်းမင်ကျိဆိုတဲ့မြေးတပည့်လေးရောက်လာပြီးနောက်သူ့ဘဝကအမြှီးတန်းလန်းနဲ့အဖိုးအိုဘဝကိုရောက်ရှိသွားတယ်။ဟုတ်တယ်မင်းတို့မှန်တယ်မြေးတပည့်လေးမှားမရေးမိဘူး

ကျောက်စိမ်းတောင်တန်းဂိုဏ်းကိုရောက်ချိန်မှာဖန့်ရန်ကဆရာတူဦးလေးဘွဲ့ကိုရရှိလိုက်သည်။ထိုအချိန်တွင်ကူးပြောင်းခါစဖန့်ရန်ဟာ၃နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်သည်။

တောင်ခြေရွာလေးမှာဘု့မသိဘာမသိနိုးထလာပြီးယောင်လည်လည်ဖြစ်နေတဲ့ဖန့်ရန်ကိုဆံပင်ဖြူမုတ်ဆိတ်ဖြူအဖိုးကြီးတစ်ဦးကတပည့်လုပ်မလားလို့မေးတယ်။သူ့တပည့်လုပ်ရင်စားကောင်းသောက်ဖွယ်နဲ့အေးဆေးတဲ့ဘဝဖြင့်နေထိုင်ရမည်ဟုပြောလာတော့ဖန့်ရန်ကမငြင်းဘဲချက်ချင်းလက်ခံလိုက်တယ်။

အဲ့ဆံ​ဖြူအဖိုးကြီးကဖန့်ရန်ကိုကျောက်စိမ်းတောင်တန်းဂိုဏ်းကိုခေါ်လာခဲ့ပြီးတရားဝင်တပည့်ဖြစ်စေသည်။အဲ့ဒီနောက်ဖန့်ရန်ကို​လေဟာနယ်ခုန်ကူး​ခြင်းပညာ၏လျှို့ဝှက်ချက်သင်ကြားပေး​ပြီးနတ်ဘုရားလောကဆိုတဲ့သာလွန်လောကကြီးဆီထွက်ခွာသွားတယ်။

ဖန့်ရန်သိလိုက်ရသည်ကားထိုအဖိုးအိုသည်ကျောက်စိမ်းတောင်တန်းဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ပြီးအနှစ်တစ်သိန်းအတွင်းနတ်ဘုရားလောကသို့ခြေချသွားနိုင်တဲ့တစ်ဦးတည်းသောတန်ခိုးရှင်ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင်အသက်ဟာသင့်ရဲ့ကျင့်ကြံဆင့်အတိုင်းတိုးမြှင့်နိုင်သည်ပင်။ကျင့်ကြံဆင့်မြင့်လာရင်မြင့်လာသလိုအသက်ရှင်ချိန်ဟာလည်းကြာမြင့်လာသည်။ကျင့်ကြံဆင့်ရပ်တန့်သွားရင်တော့နေထိုင်နိုင်သည့်ပမာဏအထိသာအသက်ရှင်နေနိုင်သည်။

ဇာတ်လိုက်မဟုတ်တဲ့ဇာတ်လိုက်Where stories live. Discover now