ရှန့်ဝေရဲ့ဝိညာဥ်စွမ်းအားပြန်ဖြည့်နိုင်အောင်နားချိန်ပေးသည်။ထိုအချိန်တွင်သရေစာခိုးစားနေသည့်ဖန့်ရန်ဆီလင်းတုံရောက်လာသည်။
''ဆရာတူဦလေး''
လင်းတုံကိုဖန့်ရန်မှတ်မိသည်။စတုတ္ထအကိုကြီးသူ့ဆီအလည်လာတိုင်းလင်းတုံအမြဲပါလာတတ်သည်ပင်။တစ်ခါမျှစကားမပြောဖူးကြပေမယ့်မျက်မှန်းတန်းမိသည်ကိုး
''အင်း''
''ကျွန်တော်တစ်ခုတောင်းဆိုပါရစေ ရှန့်ဝေကိုပထမနေရာလုံးဝမပေးလိုက်ပါနဲ့''
ဒီစကားကြားဖူးသယောင်ယောင်ဘဲလို့ဖန့်ရန်တွေးမိသည်။သူ့ကိုကုန်းကျွီရှုံးတုန်းကပြောခဲ့တဲ့စကားဘဲ
''ဘာလို့လဲ မင်းတို့ကြားအငြိုးအတေးရှိလို့လား''
''မရှိဘူး ဒီတိုင်းထောင်လွှားနေတာ မကြိုက်လို့''
''ကုန်းကျွီကိုသိလား''
''ဟမ် ကျွန်တော်ရဲ့ဆရာတူအကိုနှစ်ပါ ဘာဖြစ်လို့လဲ''
ထင်တဲ့အတိုင်းဘဲညီအကိုတွေတစ်ပုံစံထဲစတုတ္ထအကိုကဘယ်လိုသင်ပြထားတာတုန်း
''သူ့ဒဏ်ရာသက်သာလားငါကမေးတယ်လို့ပြောလိုက်ဦး''
ဒင် ပြိုင်ပွဲစတင်ရန်ခေါင်းလောင်းမြည်လာလို့လင်းတုံနဲ့စကားစဖြတ်ပြီးစင်မြင့်ပေါ်ကိုတတ်သွားလိုက်သည်။
စင်မြင့်ပေါ်မှာဘယ်သူမှစကားမပြောဘူးစကားပြောနေရလောက်အောင်လဲရင်းနှီးတဲ့လူတွေမဟုတ်တော့နှစ်ဖက်လုံးသိုင်းကွက်ထုတ်ကာတိုက်ခိုက်ကြသည်။ရှန့်ဝေကနည်းလမ်းအဟောင်းအတိုင်းသူ့ဒန်ထျန်ထဲကချီစွမ်းအားကိုထိန်းချုပ်ထားပြီးဖန့်ရန်အားယုတ်လာမှတဟုန်ထိုးတိုက်ခိုက်ဖို့လုပ်ထားသည်။ဒါပေမယ့်သူ့ပြိုင်ဘက်ကအရင်လူမဟုတ်ဘဲဖန့်ရန်ဖြစ်သည်။ပတ်ဝန်းကျင်ကချီစွမ်းအားကိုနေရာမရွေးအချိန်မရွေးအလိုလိုစုပ်ယူနိုင်တဲ့ဖန့်ရန်အတွက်ဝိညာဥ်ချီကုန်ခမ်းဖို့ဆိုတာမဖြစ်နိုင်ချေ။
ရှန့်ဝေရဲ့ငွေရောင်ဓားပျော့ကဖန့်ရန်ဆီအကြိမ်ပေါင်းမနည်းဦးတည်ခဲ့ပေမယ့်တစ်ကြိမ်မျှထိခိုက်အောင်မလုပ်နိုင်ခဲ့ဘူး။ရှန့်ဝေကတိုက်စစ်ရောခံစစ်ပါအားကောင်းသူဖြစ်သည်။ဖန့်ရန်ကိုတိုက်ခိုက်ရင်းဖန့်ရန်ရဲ့လက်ဝါးချက်တွေကိုခုခံနိုင်သည်။လူငယ်ပါရမီရှင်တစ်ဦးဖြစ်ထိုက်ပါတယ်။ဒါပေမယ့်အခုချိန်ထိဖန့်ရန်ထုတ်သုံးနေတဲ့လက်ဝါးချက်တွေကကုန်းကျွီကိုတိုက်ခိုက်ခဲ့တဲ့မုန်တိုင်းလက်ဝါးလောက်မပြင်းထန်ပေ။