P2

25 3 0
                                    

ဖန့်ရန်နေရာယူပြီးနောက်ပြိုင်ပွဲစတင်လေသည်။အတွင်စည်းအ​​ပြင်စည်းတပည့်အားလုံးမဲနှိုက်ပြီးယှဥ်ပြိုင်ရသည်။ပြိုင်ပွဲရက်မကြာရှည်စေချင်တာကြောင့်သိုင်းပြိုင်ကွင်းအတွင်းစင်မြင့်ငါးခုတစ်ပြိုင်ထဲတည်ဆောက်ပြီးငါးပွဲတစ်ခါတည်းယှဥ်ပြိုင်ကြသည်။

ပထမအ​ကြော့တတိယအချီတွင်ဖန့်ရန်နာမည်ပါဝင်လာသည်။ဖန့်ရန်နဲ့ပြိုင်ရမယ့်လူငယ်လေးကအပြင်စည်းတပည့်စုန့်ဟန်ဖြစ်သည်။စုန့်ဟန်ကဟိုထျန်အလယ်အလတ်အဆင့်ဖြစ်တာကြောင့်ဖန့်ရန်လွယ်လွယ်ကူကူအနိုင်ရခဲ့သည်။ပြောရရင်လက်သီးတစ်ချက်နဲ့အနိုင်ယူခဲ့ခြင်းပင် စုန့်ဟန်ကသူ့အရည်အချင်းကိုသိမြင်နားလည်တတ်တဲ့လူငယ်မို့သူ့အရှုံးကိုလက်ခံခဲ့သည်။

ဒုတိယအကြော့ဒုတိယအချီတွင်ဖန့်ရန်အလှည့်ရောက်လာသည်။ဖန့်ရန်ရဲ့ပြိုင်ဘက်ကရှန့်ဝေကိုမြှောက်ပင့်သည့်အဖွဲ့ဝင်ချန်ချီဆိုတဲ့အတွင်းစည်းတပည့်ဖြစ်သည်။ရှန့်ဝေကဲ့သို့အကြီးအကဲတစ်ယောက်ရဲ့တပည့်ရင်းမဟုတ်ပေမယ့်အတွင်းစည်းတပည့်များထဲအဆင့်မြင့်တစ်ဦးဖြစ်နေတာကြောင့်မောက်မာလေ့ရှိသည်။

''ကလေးစုတ်အခုအရှုံးပေးရင်သက်ညှာပေးမယ်မဟုတ်ရင်တော့အဆိုးမဆိုနဲ့''ဆိုပြီးသူ့လှံရှည်ကိုထုတ်လိုက်သည်။ချန်ချီရဲ့လှံကအချွန်နှစ်ဖက်နဲ့ရွှေရောင်လှံဖြစ်သည်။

''မင်းရဲ့ဦးလေးငါကသက်ညှာပေးပါ့မယ်''

''သေစမ်း''ချန်ချီကလှံကိုချီစွမ်းအင်ထည့်ကာဖန့်ရန်ကိုတိုက်ခိုက်လာသည်။ဖန့်ရန်ရဲ့သုံးလှမ်းအကွာမှာချန်ချီရှေ့ဆက်မတိုးနိုင်ဘဲမမြင်နိုင်တဲ့စွမ်းအင်၏တွန်းထုတ်မှုကြောင့်ပြိုင်ပွဲစင်မြင့်အောက်သို့လွင့်ထွက်သွားတယ်။

''မင်း''ချန်ချီလည်ချောင်းထဲမှသွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။ပြိုင်ဘက်ရဲ့အနားကိုမကပ်နိုင်ဘဲသွေးအန်ပြီးရှုံးနိမ့်သွားသည်ကားအလွန်တရာရှက်ဖွယ်ကောင်းသည်။သို့ပေတည်းသူ့အရှုံးကိုလက်မခံနိုင်ချေ။တစ်ဖက်လူရဲ့တိုက်ကွက်ထုတ်တဲ့ပုံစံကိုပင်မမြင်လိုက်ရတာကြောင့်ခံပြင်းနေလေသည်။ခံပြင်းတော့ရောကြီးကြပ်တဲ့ဒိုင်လူကြီးကသူ့ကိုအရှုံးသတ်မှတ်ပြီးနေပြီလေ။

ဇာတ်လိုက်မဟုတ်တဲ့ဇာတ်လိုက်Where stories live. Discover now