2 | Always

554 76 11
                                    

July, 1964.

New York,

စံအိမ်အတွင်း ပါတီပွဲကြီး တစ်ခု ခြိမ့်ခြိမ့်သဲစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည် ။ ကျွန်တော်တို့ အစေခံတွေအားလုံး ပွဲရက်မတိုင်မီကတည်းက မအားမလပ် ပြင်ဆင်ကြရပါသည် ။

ပါတီချိန်သို့ ရောက်ပေတော့လည်း လူကြီးမင်းများအတွက် လိုလေသေးမရှိရလေအောင် ကျိုးနွံခစားရင်း ပင်ပန်းသည်ဟု တွေးချိန်ပင်မရခဲ့ ။ မီးဖိုဆောင်မှ လက်နှစ်ဖက်နှင့် စားသောက်ဗန်းအပြည့်သယ်သွားပြီး ပါတီမှ ပန်းကန်ခွက်အလွတ်များကိုလည်း လက်နှစ်ဖက် အပြည့် ပြန်သိမ်းသွားရသည် ။

ထမင်းချက် မစ္စလာရာ ပြောပြသည်ကတော့ ပါတီ၏ ရည်ရွယ်ချက်မှာ အစိုးရမှ တရားဝင် ထုတ်ပြန်ပေးသော ၁၉၆၄ ခုနှစ် နိုင်ငံသားအခွင့်အရေး ဥပဒေ ပြဌာန်းချက် ( The Civil Rights Act of 1964 ) အတွက် ဂုဏ်ပြုချီးမြှောက်ခြင်းဖြစ်သည်ဟူ၍ပင် ။ ဥပဒေအရ လူမျိုး ၊ ဘာသာ ၊ အသားအရောင် ၊ ကျား/မ လိင်အမျိုးအစားပေါ် မူတည်၍ ဖိနှိပ်ချုပ်ချယ်ခွင့်မရှိ ။ နိုင်ငံသားတိုင်းတွင် တစ်ယောက်မကျန် တန်းတူအခွင့်အရေး ရှိသည် ။

ထိုကဲ့သို့ တရားဝင် ဥပဒေအဖြစ် ထုတ်ပြန်ခွင့်ရရန် ဖိနှိပ်ခံ နိုင်ငံသားများက အရေးအခင်းများ ၊ တိုင်ကြားချက်များ ၊ အသနားခံချက်များ ၊ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ကြရသည် ။ ခယောင်းလမ်းတွင် နင်းဖြတ်ပြီးမှ အသီးအပွင့် ခံစားခွင့်ရသော အောင်မြင်မှုမျိုးပါတည်း ။ အမေရိကန်နိုင်ငံရောက် အာရှလူမျိုးများဖြစ်သည့် သခင်မကြီးတို့လို စီးပွားရေးသမားများအဖို့တော့ အလွန် ဝမ်းသာစရာကောင်းသော သတင်းဖြစ်ပါသည် ။

ထိုဥပဒေအရ ဖိနှိပ်ခံရသူဟာ အချိန်မရွေး တိုင်ကြားခွင့်ရှိပြီး သက်ဆိုင်ရာ၏ ကာကွယ်မှုကို အပြည့်အဝ ရရှိမည်ဖြစ်၍ မမလေး အိုယွန်းကိုလည်း သခင်မကြီးကိုယ်တိုင် သတိပေးထားသည် ။ ဟိုတစ်နေ့က ကျွန်တော့်ကို ရေကန်ထဲတွင် အပြစ်ပေးသောကိစ္စအား သခင်မကြီးလည်း သိသွားပြီး မမလေးကို အကျယ်တဝင့် မဆူသော်လည်း တိုးတိုး ဆုံးမထားပုံရသည် ။ ထို့ကြောင့် ကျွန်တော့်အဖို့ လတ်တလောတော့ အပူအပင်ကင်းစွာ အလုပ်လုပ်နိုင်သည် ။

You've reached the end of published parts.

⏰ Last updated: May 16 ⏰

Add this story to your Library to get notified about new parts!

A PACK OF MEMORIES NAMED GYUWhere stories live. Discover now