အခန်း ၅၁

86 3 0
                                    

ဆင့်ကဲအသွင်ပြောင်းခြင်း-၁

လုံဟောင်ချန်းသည် ညာဘက်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက်ဖြင့် မြေမီးလျှံပုတ်သင်၏ အသွင်ပြောင်းလဲမှုကို ဂရုတစိုက် ကြည့်ရှုနေသည်။ သူ့လက်မှ သွေးများ ဆုံးရှုံးနေသော်ငြား သူ့ပုံစံမှာ အလွန်တည်ငြိမ်နေ၏။

ရွှေရောင်အလင်းများသည် မြေမီးလျှံပုတ်သင်၏ ခန္ဓာကို အထပ်ထပ်ဆေးကြောနေ၏။ ၎င်း၏ ကျောပေါ်မှ ဒဏ်ရာများသည် အခိုးအငွေ့များထွက်ကာ ဒဏ်ရာဟောင်းများအသွင် ပြောင်းလဲလာသည်။ မြေမီးလျှံပုတ်သင်၏ ကိုယ်ထဲမှ အမှောင်စွမ်းအင်များသည် အလင်းစွမ်းအင်၏ တိုက်ခိုက်ခြင်း ခံနေရသည်မှာ ထင်ရှားသည်။ ပုတ်သင်ငယ်၏ သဏ္ဍာန်မှာ အလွန်နာကျင်နေဟန် ရလေ၏။

သူတို့အကြားမှ ညီမျှခြင်း စာချုပ်ကြောင့်သာ မဟုတ်ပါက လုံဟောင်ချန်း၏ အလင်းနတ်ဘုရားမျိုးဆက် ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အလွန်သန့်စင်သည့် အလင်းစွမ်းအင်သည် ၎င်း၏ ခန္ဓာကိုယ်ကိုယ်ကို ဖျက်စီးပြီးလောက်ပေပြီ။ မြေမီးလျှံပုတ်သင်၏ မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထလာ၏။ ၎င်း၏ ပါးစပ်ထောင့်မှ သွေးများလည်း စီးကျနေပြီး အဆက်မပြတ် တုန်ယင်နေသည်။

ပုတ်သင်ငယ်သည် နာကျင်မှုများကြားမှ လုံဟောင်ချန်းအား စိတ်ဆုံးဖြတ်ထားပြီးသည့်ပုံနှင့် နှစ်လိုစွာကြည့်နေ၏။ လူသားနှင့် ပုတ်သင်တစ်ကောင်သည် တစ်ဦးနှင့်တစ်ဦး မိသားစုရင်းပမာ ချစ်ခင်မြတ်နိုးသည့် အကြည့်တို့ဖြင့် အပြန်အလှန်ကြည့်နေကြသည်။

သွေးဆုံးရှုံးမှုကြောင့် လုံဟောင်ချန်း၏ မျက်နှာမှာ ပိုမိုဖြူဖျော့လာ၏။ သူ့စိတ်စွမ်းအင်ပမာဏမှာ တစ်ထောင်ကျော်နေပြီ ဖြစ်သော်ငြား လုံဟောင်ချန်းသည်လည်း လူသားတစ်ယောက်သာ။ လူသားတစ်ယောက်သည် ခန္ဓာကိုယ်ရှိ သုံးပုံတစ်ပုံသော သွေးပမာဏကို ဆုံးရှုံးရပါက သေဆုံးနိုင်သည်။ လက်ရှိသွေးဆုံးရှုံးမှုနှုန်းနှင့် ဆိုပါက သူ့ကိုယ်မှာ အကြာကြီးတောင့်ခံနိုင်တော့မည် မဟုတ်။

အချိန်မှာ တစ်စက္ကန့်ပြီး တစ်စက္ကန့်၊ တစ်မိနစ်မှ နောက်တစ်မိနစ်သို့ လျင်မြန်စွာ ကူးပြောင်းနေသည်။ ယဲ့ဟွာနှင့် အကြီးအကဲမှာ အလွန်စိုးရိမ်နေကြ၏။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now