Part...9

2K 144 32
                                    

မိုး​မြေရပ်ကြည့်နေမည်ဆိုတာသိတာ
ကြောင့် ရောင်လွင် က club ထဲဝင်
ဟန်ပြကာ အသာချောင်းကြည့်ပေမယ့်
သူ club ထဲဝင်သွားတာမြင်တဲ့ ကိုနိုင်း
ကတော့ အလိုက်မသိစွာနှင့် ဖုန်းတွေ
ဆက်တိုက်ခေါ်နေလေသည်။
အခုနောက်ပိုင်း ကိုနိုင်းကအရမ်းကို
ဇွတ်တရွတ်ပို​ဆန်လာပြီး သူ့ဘက်ကို
နည်းနည်းလေးတောင်မကြည့်ပေ။
ကိုယ်ဖြစ်ချင်တာကိုသာ ဦးစားပေး
လွန်း၏။ သူ့ရဲ့သည်းခံမှုကလည်း
တော်တော်လေး ကုန်ဆုံးနေပြီဖြစ်တယ်။

(၇)နှစ်နီးပါးရှိပြီ သူသည်းခံလာတာ။
အချစ်တစ်ခုအနောက်ကိုလိုက်ပြီး
သူငယ်ချင်းတွေကိုလိမ်ထားမိရုံမက
မိုးမြေကိုဆို နောက်ကျောကဓားနဲ့ထိုး
နေသလိုတောင် ဖြစ်နေတယ်။
ကိုယ့်ဘဝကိုလည်း အပျက်သာသာ
အဆင့်အရောက်ခံလို့။ ဒီယောက်ျား
တစ်ယောက်အတွက်နဲ့ သူဘယ်လောက်
အထိများ ပေးဆပ်ရအုံးမှာလဲ။
ဒီယောက်ျားကရော ဘယ်တော့များမှ
သူ့ကို တန်ဖိုးထားပြီးချစ်လာမှာလဲ။
သူဆက်ပြီးမျှော်လင့်သင့်ရဲ့လား။

"အာ့"

ဝဲတက်လာတဲ့မျက်ရည်စကိုမျက်တောင်
များ ပုတ်ခတ်လို့ သိမ်းဆည်းနေတုန်း
ဆောင့်ဆွဲခံလိုက်ရတဲ့လက်​ကြောင့်
နာသွားသဖြင့်ကြည့်လိုက်ရာ ကိုနိုင်း
ဖြစ်နေပြီး သူ့ကိုတစ်ရွက်တိုက်ဆွဲခေါ်
သွားလေသည်။

"လွှတ်ပေး...နာနေပြီ"

"ငါ့ကိုဘယ်လိုလေသံနဲ့ပြောနေတာလဲ"

"ကိုနိုင်းကြားတဲ့အတိုင်းပဲ"

"ခက်ရောင်လွင်!"

သူ့နာမည်ကိုကျယ်လောင်စွာအော်
ခေါ်လာသံနဲ့အတူလေပေါ်မြောက်လာ
တဲ့လက်ဖဝါးကြောင့် ရောင်လွင်က
ရိုက်ချင်ရိုက်လိုက်ဆိုသည့် ပုံစံနှင့်
ခပ်ပေပေ ပြန်ကြည့်လိုက်တယ်။

"တောက်ခ်"

"မင်းငါလုပ်ရင်သေတော့မယ်"

ပြောနေကျစကားတစ်ခွန်းပြောပြီး
သူ့မျက်နှာရှေ့လက်ညိုးငေါက်ငေါက်
ထိုးလျက် ကြိမ်းဝါးသည်။
ပြီးနောက် လက်ကောက်ဝတ်ကိုတဖန်
ဆုပ်ကိုင်ကာ ကားအနားသို့ဆွဲခေါ်လာ
ပြီး ကားထဲသို့အတင်းထည့်ကာ ထိုင်စေသည်။

ခွင့်/ခြင့္❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now