[စာစဉ်(၄၁) အပိုင်း(၁)] အခန်း(၄၅၃-ခ) ပြဿနာကြီးရောက်လာပြီ(၂)
ထိုအချိန်တွင်...
"ဖြောင်း ဖြောင်း"
ရုတ်တရက် တစ်နေရာရာက ထွက်ပေါ်လာ စွမ်းအင်ရိုက်ချက်တစ်ခုက မီးတိမ်လက်ဝါးအား ၎င်း၏လမ်းကြောင်းမှ သွေဖယ်သွားအောင် ရိုက်ထုတ်လိုက်သည်။ မြေကြီးအပိုင်းအစများနှင့် ကျောက်တုံးကျောက်စများ နေရာအနှံ့ လွှင့်စင်သွား၏။
"ဟမ်" လီကျန်း မျက်မှောင်ကြုတ်ကာ ညာဘက်သို့ လှမ်းကြည့်လိုက်သည်။
"လဲ့ထျန်းနန်လား"
သူတို့ စွမ်းအင်လာရာဘက်သို့ ကြည့်လိုက်ရာ လဲ့ထျန်းနန်က သူတို့ဆီသို့ အရှိန်အမြင့်ဆုံးဖြင့် လာနေသည်ကို တွေ့လိုက်ရသည်။
သေလုမြောပါးဖြစ်နေသည့် တာဟေးနှင့် ရှောင်ဟေးကို ကြည့်ရင်း လဲ့ထျန်းနန်မှာ အလွန်အမင်းဒေါသထွက်နေပြီး သူ၏အမူအရာကိုပင် မထိန်းနိုင်လောက်အောင် ဖြစ်သွားသည်။
သူစိုးရိမ်နေသည့်အတိုင်းပင် သတင်းကြားကြားချင်း အိမ်မှ အမြန်ဆုံး ထွက်လာခဲ့သော်လည်း သူနောက်ကျသွားခဲ့သည်။
"ဂရန်းမာစတာလီ၊ အကြီးအကဲရှု မင်းတို့ အရမ်းလွန်သွားပြီ" လဲ့ထျန်းနန်က သူတို့အား စိုက်ကြည့်သည်။
"မင်း ငါ့ကို ပြောနေတာလား" လီကျန်းက ရုတ်တရက် မျက်လုံးမှေးလိုက်ပြီး သူ၏စိတ်ဝိဉာဉ်စွမ်းအားအားလုံးကို ထပ်မံစုစည်းကာ ပြဿနာအား အားသုံးဖြေရှင်းရန် အသင့်ဖြစ်နေသည်။
လဲ့ထျန်းနန်၏မျက်နှာ ပြောင်းလဲသွား၏။
သူ ဒေါသကြောင့် စိတ်လွတ်သွားကြောင်း သတိပြုမိလိုက်သည်။ လီကျန်းနှင့် အကြီးအကဲရှုက သူ့အား တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့လျှင် သူ ဒီမှာ သေသွားနိုင်သည်။
သူ စိတ်ဓာတ်ကျကာ အကူအညီမဲ့နေပြီး "ဂရန်းမာစတာလီ၊ အကြီးအကဲရှု။ မင်းတို့ ဒြပ်စင်ငါးမျိုးမီးဖိုကို လိုချင်ရင် ငါတို့ ဆွေးနွေးညှိနှိုင်းပြီး အေးအေးချမ်းချမ်း ယူသွားလို့ရပါတယ်။ ဘာကြောင့် စိတ်ဝိဉာဉ်သားရဲနှစ်ကောင်ကို သတ်ရတာလဲ။ ဒါက လွန်သွားပြီ"
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၄၁) မှ (၅၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၄၁) မှ (၅၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...