part3

11 0 0
                                    

ဒီနေ့တစ်နေ့မှဘဲအလုပ်တွေကပုံမှန်ထက် များနေတာ လား ကိုဘဲလောနေတာလား မသိဘူး ကလေးလေး ကိုသွား တွေ့ပြီးနောက်ပိုင်း ကလေးလေး ဖြစ်သူကို အမြဲတမ်း သွားကြိုဖြစ်သည် အရင်တုန်းက ကိုယ်ဘက် ကအမြဲ စကားစရပင် မဲ့ အနေနီးလာသောကလေးက နောက်ပိုင်းသူပြောတာကိုဘဲနားထောင်နေရသည် အရင်ရက်တွေက သွားဘဲကြိုရပင်မဲ့ ခုကကျူရှင်ပါပို့ပေးနေရပြီ ကလေးအကြောင်းတွေးတိုင် ကိုယ်ဘက်ကအချစ်တွေပိုပိုလာခဲ့ရသည်

" ဆရာ "လို့ခေါ်တော့တွေးနေပုံရသည့် ဆရာက"ဟမ်"လို့ ထူးလာသည် ခုတလောဆရာ ခနနပြုံးနေတာကိုမြင်နေရသည် အလုပ်ကိုလည်းပုံမှန်ထက်စောပြန်တက်လာသည်  အရင်ကအလုပ်မှ အလုပ် ဖြစ်နေသောဆရာက ပြောင်းလဲနေပြီဖြစ်သည်

"ဆရာမနေ့ ကကြော်ညာကိစ္စ အဆင်ပြေတယ်မင်းသမီးဘက်ကလည်း အဆင်ပြေတယ်ဆိုတော့ ဘယ်နေ့လောက် "

ပြောတုန်းဆရာဖြစ်သူက "ပြောစရာလိုသေးလို့လား ပုံမှန်လုပ်နေကျအတိုင်း ဘဲလုပ်လိုက် "

"မဟုဘူးလေဆရာများ တွေ့အုန်းမလားလို့ "မပြောပြရင်က တစ်ခုခုမှားလာရင် ငါ့တို့ကဆူခံရအုန်းမယ် အရင်တုန်းက make -upတုန်းကလည်း မော်ဒယ်မကြိုက်လို့ ဆိုပြီးကြော်ညာ တောင်ရိုက်တော့ မှာကိုပြန်လွတ်လိုက်ရတယ်  နှစ်နာတော့လည်းကိုယ့်ဘက်ကဖြစ်သည် ပြောလိုက်ရင်ကအမြဲ  ကိုယ်ဘာသာလုပ်နဲ့ဖြစ်လာရင် ကိုယ်ဘဲခံနေရသည်

"ရန် အဆင်ပြေသလိုလုပ်လိုက် ဆရာမင်းကိုရုံတယ်"
ငါ့ကိုလာမကပ်သ၍အဆင်ပြေသည် အရင်တစ်ခေါက်တုန်းကမော်ဒယ်လည်း လုံးဝကိုအချိုးမပြေ မန်နေဂျာတစ်ယောက်လုံးနဲ့လွဲထား ပေးတာတောင် ဇယားလာလာရှုပ်နေလို့ ကန်ထုတ်လိုက်ရခြင်းဖြစ်သည်

"အဲ့တာဆိုကျွန်တော်သွားလိုက်အုန်းမယ်နော် "

"အင်"လို့ပြောပြီ နာရီကြည့်မိတော့ ကလေးကိုသွားကြိုဖို့အချိန် တောင်ရောက်နေပြီဖြစ်သည် အလုပ်တွေကို လက်စသတ်လိုက်ပြီး ရုံးထဲကနေထွက်လာတော့သည် ကလေးလေးနဲ့သူကခုချိန်ထိဘာမှမသက်ဆိုင် သေးပင်မဲ့ ထိုကလေးပေါ်ထားသော မေတ္တာမှာစစ်မှန်သည်

ကြိုးWhere stories live. Discover now