Part-1

153 4 1
                                    

မှိုင်းညို့နေတဲ့ကောင်းကင် ရာသီဉတုက ဒီနေ့မသာယာဘူး
သို့ပေမဲ့ ဒီလိုမျိုးနေ့မျိုးဆို စိတ်ကပြောစရာမလိုအောင် တခြားတယောက်စီရောက်လို့နေတယ်။ထတားလို့လည်းရမှာမှ မဟုတ်တာ
ထုံးစံအတိုင်း ကော်ဖီပူပူလေးနဲ့
Diary စာအုပ်လေးတစ်အုပ်‌
လွမ်းတဲ့အကြောင်းတွေ သတိရတဲ့အကြောင်းတွေ ရေးမယ်
နာရီကြည့်မိတော့ ညနေ3နာရီထိုးတော့မယ်
မိုးလေးက အုံ့အုံ့ သစ်ပင်တွေက စိမ်းလန်းနေတာထက် စိုစွတ်နေတယ် အင်းလေ မနက်ကမိုးရွာထားတာဘဲဟာ သည်းကြီးမည်းကြီးဆိုတော့ ငှက်ကလေးတွေ ခိုနားစရာဘယ်ရှိတော့မလဲ
ငှက်ကလေးတွေရဲ့ မြည်သံကအစ အခုလိုမိုးအုံ့နေချိန်ဆို လွမ်းချင်စရာကောင်းပါ့ တေးသီချင်းလေးတွေတောင် ဆိုညဉ်းလိုက်ချင်ပါဘိ ဘာတဲ
"လွမ်း ရင်ထဲလှိုက်လို့အတိတ်ကိုလွမ်း" ဟုတ်တယ် ကျွန်မသည် ဒီလိုအချိန်တွေမှာဆို သူမကိုလွမ်းနေတတ်သည်။သူမရော
ကျွန်မကိုလွမ်းနေမှလားဒါမဟုတ် မေ့တောင်မေ့နေပြီလား
ကျွန်မကတော့ အချိန်တိုင်းလွမ်းသည် လွမ်းရင်လည်း ကျွန်မအကျင့်တိုင်း တယောလေးတီးလိုက် လွမ်းတဲ့အကြောင်းတွေ စာထဲမှာရေးလိုက်နဲ့။သို့ပေမဲ့ ဒီလိုအခိျန်မှာပိုပြီးလွမ်းတယ်
လွမ်းတဲ့အကြောင်းတွေရေးဖို့
ပထမဦးဆုံး စာမျက်နှာကို လှန်လိုက်တယ်...............























ေအာ် အချစ်ရယ် ...ရာသီတွေအလီလီကိုသာ ကျော်ဖြတ်လို့သာလာခဲ့တယ်။မင်းကို ချစ်တဲ့အချစ်နွံထဲမှာတော့ ငါမကျော်ဖြတ်နိုင်ဘူး‌ကွယ်။။

ကျွန်မရဲ့နာမည်က ခွန်းချိုခပါ။
ကျွန်မမှာ အရမ်းချစ်ရတဲ့သူငယ်ချင်းတယောက်ရှိပါတယ်သူမက သိပ်လှတာ။သူမကမိန်းမသားဆန်တယ် သူဝတ်တဲ့အဝတ်စားမှန်သမျှကလေ သူမနဲ့ဆို အရမ်းလိုက်တာ
ပြီးရင်သူမ ပန်တဲ့နှင်းဆီဖြူက အစကျမမျက်လုံးထဲမှာ သိပ်ကျက်သရေရှိတာဘဲ
အော်ပြီးတော့လေသူမက သိပ်ပြီးကြင်နာတတ်တာ လမ်းမှာတွေ့တဲ့ခွေးလေးကြောင်ကလေးကအစ သိပ်ချစ်တတ်တာလေ။ပြီးတော့ လူတိုင်းကိုလည်း ကူညီတတ်သေးတယ်။ ဒီလောက်ဆိုရင်သူမရဲ့နာမည်ကိုသိချင်လောက်ရောပေါ့။သူမရဲ့နာမည်က တေးသံသာ တဲ့။ကဲဘယ်လောက်တောင်လှလိုက်သလဲ နာမည်ရောလူရော။

ချစ်ရပါသော...  မဟေသီ့ထံသို့ပေးစာWhere stories live. Discover now