Part-3

34 4 1
                                    

"ဟဲ့တေးသံသာ လူကြီးတွေစကားပြောနေတယ် ညည်းလုပ်စရာရှိတာသွားလုပ်လေ"

"ဟုတ်ကဲ့ မေမေကြီး"

ဒေါ်ယဉ်ယဉ်မြိုင်ပြောလို့ ထွက်သွားတာ မျက်နှာလေးနည်းနည်း ညိုးသွားလေရော တေးသံသာရယ်

"အော်ဒါနဲ့ ယဉ်ယဉ် ရဲ့ယောက်ျားရော"

"ကိုမောင်လား သူက တစ်လနေမှတစ်ခါပြန်လာတာလေ သူက သူအလုပ်နဲ့မို့ သိပ်မအားပါဘူး ပြန်လာလည်း ၁ရက်၂ရက်ဘဲ"

"အင်း ဒါဆိုယဉ်ယဉ်တို့
သားအမိဘဲပေါ့"

"အဲ့လိုလည်း မဟုတ်ပါဘူး ကိုမောင့်သမီးတေးသံသာရယ် ယဉ်ယဉ်တို့ သားအမိရယ် အိမ်က အလုပ်သမား၄/၅ယောက်ရယ် ထားပါဘဲ"

"အော် သူကကိုမောင့်သမီးလား"

"အင်း ဟုတ်ပါ့"

အော် ဒေါ်ယဉ်ယဉ်ကြိုင်က မိဒွေးကို ဒါကြောင့် တေးသံသာကို ဒီလိုမျိုးပြောတာကို

"ဟေ့ ခွန်း တို့ နဲ့အပြင်သွားရအောင် မေမေတို့က စကားပြောကြအုန်းမှာ မင်းလိုက်မလား"

"နေပါ ခွန်းနေတတ်ပါတယ်"

"အပြင်ဆိုတာ အိမ်ရှေ့လေးမှာပါ ခွန်းရယ်"

"ဟုတ်သား ခွန်းသမီးလေး လိုက်သွားပါ့လား နှင်းညီမလေးကိုခေါ်သွားလိုက်"

"ဟုတ်မေမေ လာပါခွန်းရယ်"

"နေပါ ခွန်းဘာသာ ထနိုင်ပါတယ်"

"ဟုတ်ပါပြီရှင်"

ကျွန်မနဲ့တအား မရင်းနှီးဘဲလက်ကိုင်ရင် မကြိုက်ပါဘူး။မိန်းမချင်းချင်းဘဲဖြစ်နေပါ့စေ လုံးဝဘဲ

"ခွန်း ပန်းကြိုက်လား"

"မကြိုက်ဘူး"

"ခွန်းက မိန်းကလေးလုပ်ပြီး ပန်မကြိုက်ဘူးဆိုတော့ ခက်သားနော်"

"မိန်းကလေး တိုင်းပန်းကြိုက်ရတာလားဟင် မနှင်းနှင်းကြိုင်"
တကယ်ပါ သူမက စပ်စုလွန်းတာပဲ

"အော် မဟုတ်ရပါဘူး ခွန်းရယ် မိန်းမအများစုက ပန်းကြိုက်တယ်လေ"

"အဲ့အများစုထဲမှာ ခွန်းမပါဘူး"

"ဟုတ်ပါပြီ ခွန်းရယ် တို့မှတ်ထားပါ့မယ်"

ချစ်ရပါသော...  မဟေသီ့ထံသို့ပေးစာWhere stories live. Discover now