Part.4

30 1 0
                                    

ယခုလက်ရှိအချိန်




ဒီနေ့ကျ နေရောင်ခြည်လေးပြန်ထွက်လို့တော်သေးတယ် ။အင်းပေါ့လေ ကောင်းကင်ကြီးကများကြိုသိနေတာလား ဒီနေ့က "ကြည်နူး"မြို့ရဲ့ပန်းပွဲတော်နေ့
တကယ့်ကိုအဖိုးတန်တဲ့နေ့လေး

"တီတီ ခွန်းရေ"

"ဟယ် သမီး ပိုးအိမ် ပြန်ရောက်လာပြီလား"

ပိုးအိမ်ဆိုတာ ကျွန်မမွေးစားထားတဲ့ သမီးလေးလေ သမီးက ၈နှစ်ဘဲရှိသေးတာဆိုပေမဲ့ ကျွန်မက ပညာရေးကို အားပေးတဲ့အနေနဲ့ မြို့မှာ ကျောင်းထားတာလေ သမီးကတော့ သိပ်ပြီးတော်တော့ မြို့မှာအခုကတည်းက ပညာသင်စေတယ်။ဒီ"ကြည်နူး"မြို့က အေးချမ်းပြီးချောင်ချတော့ တိုးတက်တဲ့ အခြားမြို့မှာဘဲ ကျောင်းထားတာ သူမ အတွက်လဲကောင်းတယ်လေ

"ဟုတ်ကဲ့ တီတီခွန်း ဒီနေ့က
ပန်းပွဲတော် နေ့လေ သမီးကိုလိုက်ပို့မယ်မလားဟင်"

"ဟော တီတီက လိုက်ပို့မှာပေါ့
အခုတော့ တီတီ့ကို အာဘွားပေးပါအုန်း တီတီ့ကို အလွမ်းပြေလေး"

"အာဘွား မွ တီတီခွန်း လိုက်ပို့နော်"

"ဟုတ်ပါပြီရှင့် အခုတော့ ရေချိုးရအောင် သမီးလေး ပိုးပိုး"

"ဟုတ်ကဲ့"

ခဏအကြာတွင်

"တီတီခွန်း သမီး ဒါလေးနဲ့လိုက်လားဟင်"

"ဟယ် တီတီ့ သမီးက ဘာဝတ်ဝတ်လှပြီးသား"

"မဟုတ်ဘဲနဲ့ တီတီနော် သမီးတို့နောက်ကျနေမယ် သွားကြရအောင်"

"ဟုတ်ပါပြီရှင် တီတီ ခွန်း ခဏလေးပြင်လိုက်အုန်းမယ်"

"ဟုတ်ကဲ့ သမီး ကားပေါ်မှာစောင့်နေမယ်နော်"

"ဟုတ်ပါပြီကွယ်"

ကျွန်မအတွက်လည်း သမီးပိုးအိမ် တစ်ယောက်ရှိလို့သာ အရာရာ အဆင်ပြေနေတာ။
သူကျောင်းသွားရင် ကျွန်မကလွမ်းနေရော ။ပိုးအိမ်က တစ်စုံတစ်ယောက်နဲ့လည်း သိပ်တူတာ ကျွန်မလည်း နှစ်တွေဘယ်လောက်ကြာကြာမေ့မရသေးတော့ ခက်သား.....

"တီတီ ခွန်းရေ"

"ကဲလာပါပြီရှင် ဦးလေး မောင်းတော့ ပန်းဉယာဉ်ခြံကို ပိုးပိုးက သွားချင်နေပြီနေမှာ"

You've reached the end of published parts.

⏰ Last updated: Dec 06, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်ရပါသော...  မဟေသီ့ထံသို့ပေးစာWhere stories live. Discover now