(1)

27.9K 62 0
                                    

Unicode

"သမီးလေးရေ ဒီမှာမုန့်ချိုင့်လာယူ"

"ဟုတ်ကဲ့ မေမေ"

ကူးကူးတစ်ယောက်မေမေအသံကြားသဖြင့်အိမ်အနောက်ဘက်သို့ဝင်သွားသည်။

ဒီနေ့ကူးကူးတို့အိမ်မှာ သာကူဆနွင်းမကင်းလုပ်စားကြသည်။မေမေက ဘေးအိမ်က ဦးဦးတို့ကိုသွားပို့ခိုင်းသဖြင့် ကူးကူးမုန့်ချိုင့်သွားယူတော့သည်။

ကူးကူးတစ်ယောက်ဟိုဘက်အိမ်သွားရမှာအလွန်တက်ကြွနေ၏။မေမေက သွားလို့ပြောတော့ ကူးကူးအလွန်ပျော်သည်။

ကူးကူးတို့မှာ သားမိနှစ်ယောက်သာရှိသည်။မေမေက ကူးကူးကိုယ်ဝန်ရှိချိန်မှာ ဖေဖေကမေမေ့ကိုထားသွားတာဟုသိရသည်။ကူးကူးကတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီး ထွေးထွေထူးထူးမခံစားရပါဘူး။

ကူးကူးတို့လူနေသန့်တဲ့ရပ်ကွက်တစ်ခုမှာသားမိနှစ်ယောက်နေကြသည်။မိန်မသားတွေမို့ ဘယ်သူကမျှရိသဲ့သဲ့မလုပ်။ဒီရက်ကွက်ထဲကလူတွေက ကိုယ့်အိမ်ထဲကိုနေ ကိုယ့်အလုပ်ကိုယ်လုပ်ကြ၏။ကူးကူးတို့ကအိမ် တစ်ထပ်တိုက်အပုလေးဖြစ်ကာ ခြံစည်းရိုးမှာ အုပ်အမြင့်ဖြင့်ကာထားခြင်းဖြစ်သည်။

တစ်ခုခုဆိုအိမ်ထဲကို မမြင်ရ။ခြံတံခါးကိုသစ်သားဖြင့်ပြုလုပ်ထား၍မမြင်နိုင်တာလည်းပါ၏။

အိမ်ဘေးဘက်ခြံစည်းရိုးကတော့ သံဇကာဖြင့်ခပ်နိပ်နိပ်ကာထား၏။အဲ့ဒါကြောင့် ဟိုဘက်အိမ်က ဦးဦးနှစ်ယောက်ကိုကူးကူးတွေ့ရတာဖစ်သည်။

ဟိုဘက်အိမ်ကဦးဦးနှစ်ယောက်က အလွန်ချောကြ၏။ညနေဘက်ဆို ဦးဦးတစ်ယောက်က ပန်းပင်တွေရေလောင်းသည်။နောက်ဦီးဦီးတစ်ယောက်ကတော့ ကုလာထိုင်ပေါ်ထိုင်ကာစာအုပ်ဖတ်သည်။ညနေရောက်တိုင်းကူးကူးတစ်ယောက်ထိုဦးဦးနှစ်ယောက်ကိုခိုးခိုးကြည့်ရသည်။ပြီးတော့ထိုဦးဦးနှစ်ယောက်က အမွှာတွေတဲ့။အကြီးက ဦးဂုဏ်ရောင် အငယ်ကဦးနိုင်မင်းဖြစ်သည်။နောက်တစ်ခုက လူပျိုကြီးတွေ။

ကူးကူးအပျော်ကြီးပျော်ကာ ဟိုဘက်ခြံသို့သွားတော့၏။

တင်းတောင် တင်းတောင်
ဘဲလ်တီးလိုက်တော့ ဦးဂုဏ်ကလာဖွင့်ပေးသည်။

ဉီးဉီးတို့က အကျင့်ပုပ်Where stories live. Discover now