Chapter 27

627 84 2
                                    


Chapter 27





အဆုံး၌ မားဟောင် လုံခြုံရေးများ၏ဆွဲခေါ်သွားခြင်းကို မခံရမီ ကျန်းရွှိသူ၏လက်ကို အညှာအတာကင်းမဲ့စွာဆွဲယူပြီး အဆစ်လွဲသွားသည့်နေရာကို ပြန်တည့်ပေးလိုက်ကာ ပြောလိုက်သည်။ " နောက်ကြ မသက်မသာခံစားနေရရင် ယွင်နန်ဆေးအဖြူကိုလိမ်းထားလို့ရတယ်.."

စောင့်ဆိုင်းဧရိယာမှလူများမှာမူ အတွင်းတွင်ဖြစ်ပျက်နေသည့်အရာများကို မသိခဲ့ကြပေ။ သူတို့သိသည်မှာ ကြမ်းတမ်းသည့်လူကြီးတစ်ဦးမှာ ပေါက်ကွဲကာ ဝင်သွားခဲ့ပြီးနောက် မကြာမီ လုံခြုံရေးများ၏ဆွဲခေါ်သွားခြင်းကို ခံရသည်ဟုပင်။ သူတို့အားလုံးမှာ ဆေးကုသရာတွင်အနှောင့်အယှက်ဖြစ်မည်ဟု ခန့်မှန်းနေကြပြီး တစ်စုံတစ်ဦးမှ သွေးများရွှဲနေသည့်ခံရသူကို လူနာတွန်းလှည်းဖြင့် ထုတ်ကာ ထွက်လာမည်အား စိုးရိမ်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့အချိန်အတော်ကြာစောင့်ဆိုင်းခဲ့သော်လည်း မည်သည့်ဆရာဝန်ကိုမှ ထုတ်လာရသည်ကို မမြင်မိကြချေ။

ပြင်ပလူနာဌာနမှ ဆရာဝန်များသည်လည်း သူတို့၏လူနာလှည့်ခြင်းများကို တစ်ချိန်တည်းပင်ပြီးစီးသွားကြပြီဖြစ်သည်။ ကျန်းရွှိ သူ၏ကုတ်အင်္ကျီအဖြူကိုချွတ်ကာ ရုံးခန်းထဲမှထွက်လာခဲ့ပြီး မျက်နှာချင်းဆိုင်ရှိပြင်ပလူနာဌာနရုံးခန်းအတွင်းရှိနေသည့် ရှန့်ဖန်းယွိစီသို့ အပြေးသွားလိုက်သည်။

" မင်းငါ့ကိုကျေးဇူးမတင်တော့ဘူးလား.." ရှန့်ဖန်းယွိမှ စကားဝိုင်းကိုစတင်လိုက်သည်။

သူတို့စကားများပြီးသည့်အချိန်မှစ၍ အချင်းချင်းလေလိုပင် သဘောထားကြကာ စကားပြောခဲလှသည်။ ယနေ့ဆွေးနွေးတိုင်ပင်ခြင်းမတိုင်မီအထိ သူတို့ကြားရှိလေထုမှ မှိုင်းအုံ့နေသော်လည်း ယခုတစ်ကြိမ်တွင် ကျန်းရွှိ ရှန့်ဖန်းယွိကို ကြည့်လာကာ " ကျေးဇူးပဲ…"

ရှန့်ဖန်းယွိ ဤတစ်ကြိမ်တွင် ကြားဖြတ်မပြောခြင်းကြောင့် ဖြစ်နိုင်ပေမည်။သူ၏ကျေးဇူးတင်စကားမှာ အဆုံးထိရောက်သွားခဲ့သည်။

ဒေါက်တာကျန်းWhere stories live. Discover now