Chapter 60

239 32 0
                                    


🧑‍⚕️Chapter 60





ကျန်းရွှိသည် တခဏမျှ တောင့်ကနဲ ဖြစ်သွားကာ သူသွားရာလမ်းတွင် ရပ်လိုက်သည်။သူ၏မျက်လုံးများထဲတွင် မှင်သက်အံ့ဩနေသော အကြည့်များရှိနေသော်လည်း ချက်ချင်းလက်ငင်းပင် စိတ်ရှုပ်သွားသော အကြည့်များကအစားထိုးသွားသည်။

ရှန့်ဖန်းယွိက သူ့အား ပူပူနွေးနွေးဟင်းပန်းကန်ကို ကမ်းပေးလိုက်သည်။

နှစ်ဦးသားသည် ယွမ်ထောင်ချီတန်သော အစားအစာများအတွက်ထွက်လာခဲ့သော်လည်း နေ့လည်စာဘူးများသာ စားရင်း အဆုံးသတ်သွားသည်။

.......

ICU ဌာနမှ ကြားရသော သတင်းအရ ဝမ်ချင်း၏ အခြေနေသည်ပုံမှန်အားဖြင့် တည်ငြိမ်သွားပြီဖြစ်သည်။ ထို့ကြောင့် ပင်ပန်းနေသောသို့မဟုတ် ပျော်ကောင်းပျော်နေသော မိသားစုသည် စိတ်အတော်အေးသွားသည်။

ကျန်းရွှိသည် ထန်ခယ်ဆီသို့ WeChat မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်ပြီး အခြားအဖွဲ့များ၏ မေးခွန်းတရစပ်များကြားမှ အိမ်သို့ပြန်လာခဲ့သည်။

ကျန်းရွှိမှ သူ့အား ရုတ်တရက်ရေချိူးခန်းထဲသို့ တွန်းလိုက်သောအခါ ရှန့်ဖန်းယွိဖိနပ်အပါးပြောင်းစီးလိုက်သည်။ သူသည် ဝမ်ချင်းအား ကယ်တင်ရန်အားစိုက် ကြိုးစားခဲ့ရသောကြောင့် ရေထဲမှခုန်ထွက်လာသော ငါးကဲ့သို့ပင် ချွေးများစိုရွှဲနေသည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိ အအေးမိသွားမည်ကိုစိုးရိမ်နေသည်။ထို့ကြောင့် ဆေးရုံတွင် စားသောက်ပြီးသည့်အခါ ရေချိုးရန် မှာခဲ့သည်။သို့သော် ရှန့်ဖန်းယွိသည် စကားနားမထောင်ပဲ ရေချိူးချိန်အမှီ သူနှင့်အတူ အိမ်အထိပြန်လာခဲ့သည်။

"ငါရေချိုးနေတုန်း မင်းထွက်ပြေးသွားမှာစိုးလို့…"

ရှန့်ဖန်းယွိထံတွင် ထိုသို့ကလေးဆန်သည့်စိတ်များ ဘယ်အချိန်ကစ၍ ရှိနေသည်ကို ကျန်းရွှိ မသိခဲ့ပါ။

ရှန့်ဖန်းယွိ  နှင်းဆီပန်းများနှင့် ယုန်ဝတ်စုံ နှစ်မျိုးလုံးအားပြန်ယူခဲ့ပြီး ကော်ဖီစားပွဲတွင်တင်ထားလိုက်သည်။ကျန်းရွှိသည် ကော်ဖီစားပွဲပေါ်မှ ရှုပ်ပွနေမှုများနှင့်ပတ်သက်၍ စိတ်မသက်မသာ ဖြစ်သွားပြီး သူ၏ဘယ်ဘက်လက်ထဲတွင် ယုန်ဝတ်စုံနှင့်တွဲထားသော ယုန်ခေါင်းကိုင်၍ညာဘက်လက်ထဲတွင် နှင်းဆီပန်းများအားကိုင်ကာ အိပ်ခန်းထဲသို့ ဝင်သွားသည်။

ဒေါက်တာကျန်းTahanan ng mga kuwento. Tumuklas ngayon