Intro

492 17 0
                                    

(Uni)

ပေါင်ပေါ် စုတင်ထားမိတဲ့ လက်ဖဝါးတွေက အလိုလိုနေရင်းနဲ့ အေးစက် ထုံကျင်လာရသည်။ ဘဝမှာ ဒီလိုအနေအထားနဲ့ စိတ်လှုပ်ရှားခဲ့ရတာမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသူမို့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်နေအောင် အတင်း ထိန်းချုပ်ထားရသည်မှာ တကယ်ကို မသက်သာလှပါ။

ခက်ခက်ခဲခဲရရှိထားတဲ့ ဒီအခွင့်အရေးမှာ အမှားတစ်စုံတစ်ရာ ဖြစ်မလာစေဖို့ကို သူ့နှုတ်က မထွက်ရုံတမယ် တတွတ်တွတ်နဲ့သာ ရေရွတ်နေခဲ့မိသည်။

မိုးဆွေး..၊ မင်း ဘယ်မှာလဲ။
မင်း ငါ့ဆီရောက်လာမှာ ဟုတ်တယ်မလား။
ငါ့ကို ဘယ်သူမှမတွေ့နိုင်တဲ့ အဝေးဆုံးနေရာဆီ ခေါ်သွားဖို့က မင်းတစ်ယောက်ပဲ လုပ်နိုင်မှာလေ။
ငါစောင့်နေမှာမို့ မြန်မြန်လေး လာခဲ့ပေးပါ။

တစ်ချိန်ချိန်ကျရင် အနာဂတ်မှာ အတိတ်ဆိုတာကို ပြန်စဥ်းစားမိတိုင်း ကောင်းတာတွေပဲ ထင်ကျန်‌‌နေစေဖို့ဆိုပြီး မိုးဆွေး နှစ်သိမ့်ခဲ့ဖူးတာကို နှောင်ကြိုးအိမ် တမ်းတလို့နေရသည်။ သူတို့နှစ်ယောက်အတိတ်ရဲ့ တန်ဖိုးတွေကရော ဘယ်လောက်ထိတောင်များ အဖိုးဖြတ်မရနိုင်အောင် ဖြစ်‌နေခဲ့ပါသလဲ။

သေချာတာတစ်ခုကတော့ မင်းရဲ့ တစ်ချိန်ကအိမ်ငယ်လေး..၊ မင်းကို သိပ်လွမ်းနေခဲ့တယ် မိုးဆွေး..။

(ZawG)






2023 / Oct / 25
TomorrowChen (_ _).。o○
♪───O(≧∇≦)O────♪

You've reached the end of published parts.

⏰ Last updated: Oct 25, 2023 ⏰

Add this story to your Library to get notified about new parts!

ငါ့ရဲ့ ငယ်ရွယ်ချိန်တစ်လျှောက်လုံးက မင်းပါပဲWhere stories live. Discover now