11

149 12 4
                                    

‌မနေ့ကရောက်ရောက်ချင်း သူလေးနဲ့တွေ့ဖို့ဖုန်းခေါ်ဖို့ကြိုးစားပေမယ့် ဖုန်းကပိတ်ထားပြန်တယ် ၊ မန်နေဂျာမမကလဲ ခရီးရောက်မစိုက်မို့  ပင်ပန်းမှာစိုးရိမ်၍ အပြင်မထွက်စေချင် ။ ဒါကြောင့် ဒီနေ့  စောစောထကာ သူလေးရဲ့ဖုန်း စက်ပြန်ဖွင့်ဖို့ကိုထိုင်စောင့်မိသည် ။  8:30မှာစက်ဖွင့်လိုက်တာကြောင့် သူရှိတဲ့ နေရာအားရှာလိုက်တော့ သူနေတဲ့ကွန်ဒိုမှာဘဲတွေ့ရသည်  သူ့ကွန်ဒိုကိုသွားဖို့ပြင်ပီး သူ့ကွန်ဒိုဆီရောက်လာတော့ သူမရှိဘူးဆိုတာသိလိုက်ရတာကြောင့်  ပြန်ရှာကြည့်မိတော့  သူက နေရာပြောင်းသွားလေပီ 
အဲ့ဒါကြောင့် သူပြောင်းသွားတဲ့နေရာကိုလိုက်လာတော့  သူနဲ့အတူနောက်ထပ်ကောင်လေးတစ်ယောက်ကိုပါထပ်တွေ့လိုက်ရသည်  ထိုကောင်လေးနဲ့သူနဲ့က ပြတိုက်ထဲက ပြသထားတဲ့စာကိုဖတ်နေတာမို့ သူတို့ရဲ့ကျောပြင်ကိုသာတွေ့နေရသည်

မေးချင်သည် ဘာလို့မလာခဲ့တာလဲ ၊ ဘာလို့ တန်ဖိုးမထားခဲ့တာလဲ ၊ ဘာလို့ သူ့ကိုတစ်ယောက်ထဲထားပစ်ရက်ခဲ့တာလဲ  ဘာလို့ ဘာလို့  ဘာလို့ ငါ့အပေါ်ကို ဒီလိုရက်စက်နိုင်ရသလဲကို  မျက်နှချင်းဆိုင်မေးပစ်ချလိုက်ပီး စိတ်ရှိလက်ရှိရိုက်နှက်ပစ်ချင်နေပေမယ့် ၊ အဲ့သလိုစိတ်ကူးထားခဲ့ပေမယ့်  ဘာမဟုတ်တဲ့ ကျောပြင်လေးမြင်ရရုံနဲ့တင် စိတ်တွေက ချော့သူမရှိပြေရော့နေခဲ့လေပီ

ဘယ်လိုဝဋ်တွေကြောင့်များ သူ့ဆီမှာအခုလို အကြိမ်ကြိမ်နာကျင်နေတာတောင် လက်မလွှတ်နိုင်ခဲ့ရသလဲ

အစ်မပြောပြသလိုဆိုရင်  အရင်ဘဝတွေတုန်းက ငါသူ့အပေါ်  အတော်လေးရက်စက်ခဲ့လို့ဖြစ်ပါလိမ့်မည်  ဒါပေမယ့်
ကိုယ့်စိတ်ကို ကိုယ်သိသည်
ဘယ်လိုဘဝမျိုးမှာ ဘယ်လိုအခြေနေနဲ့ဘဲ ရှိနေခဲ့ပါစေ  တပါးသူရဲ့ခံစားချက်တွေအပေါ်  အဲ့လောက်ထိမရက်စက်နိုင်ဘူးဆိုတာ သိသည်  ဒါပေမယ့်  ဒါပေမယ့်လဲ

သူ့ကျောပြင်အားငေးကြည့်နေတုန်း သူနဲ့အတူရပ်နေသောကောင်လေးက သူ့ဘက်လှည့်ပီးစကားပြောလာတော့ 

ဒီမျက်ဝန်းတစ်စုံ ၊ ဒီနှုတ်ခမ်းပါး ၊ စိုးရိမ်တကြီးဖြစ်နေတဲ့ အမူရာလေးက ဘာလဲ သူဘယ်သူလဲ  သူ့မျက်နှာက သူ့မျက်နှာက

ALL LIFEWhere stories live. Discover now