12

118 11 2
                                    

မှားယွင်းစွာမြင်ခဲ့တာတော့မဟုတ်တာသေချာသည် ၊ ဘာလို့ဆို ထိုအမျိုးသားကလဲ အိမ်ရှေ့စံလိုမျိုး ဝတ်စားဆင်ယင်ထားတာကြောင့်ပင်

ကျွန်တစ်ယောက်ကို အိမ်ရှေ့စံရဲ့ ဝတ်ရုံပေးဝတ်တယ်ဆိုတော့ ဘယ်လိုကျွန်မျိုးမို့လို့ပါလိမ့် ၊ ဒါဆိုရင် ငါလက်ထပ်ရမယ့်သူက ခြုံနောက်ကထွက်လာတဲ့သူဆိုတော့

အတွေးတွေပင်ချာချာလည်လာကာ ခေါင်းထဲကရှုပ်ထွေးမှုကို အပြင်သို့ မှုတ်ထုတ်လိုက်မိတော့သည်

" ဟူးး ၊ ငါဘာလုပ်သင့်လဲ "

Feed back

" အရှင် ၊ ကျနော်ထွက်သွားပေးရမလား"

" မလိုဘူးယောင်း ၊ ကို့ဘေးကနေ တစ်ဖဝါးတောင်မခွာနဲ့ "

ဆိုပီး ကျွန်တစ်ယောက်ကိုကြည့်နေတဲ့ အိမ်ရှေ့စံရဲ့အကြည့် သူဘယ်လိုတောင် အဲ့လိုအကြည့်နဲ့ကြည့်ရတာလဲ

မကြာခင်ကမှကိုယ့်အရှေ့တင်ဖြစ်ထားသောမြင်ကွင်းတစ်ခုအား ပြန်မြင်ယောင်လာကာ ရှုပ်ထွေးလွန်းတဲ့ အဲ့အကြည့်ကို အဖြေရှာနေမိသည်

" ကျွန်တစ်ယောက်က အဲ့လိုရုပ်ရည်ပိုင်ဆိုင်စရာလား ၊ မတန်လိုက်တာ "

တစ်ခုခုတွေးမိလျှင် အတွေးအတိုင်း တစ်ယောက်တည်းစကားပြောတဲ့အကျင့်ရှိတာကြောင့် အခုလဲ တစ်ယောက်ထဲမေးခွန်းထုတ် တစ်ယောက်ထဲမကျေမနပ်ဖြစ်နေမိပြန်သည်

" ကျနော်မျိုးကို ခိုင်းစရာများရှိသေးလား မင်းသမီး "

မေးသူကတခြားသူမဟုတ် မင်းကြီး၏ သက်တော်စောင့် ညာလက်ရုံး လို့မပြောရ ရုပ်ရည် ၊ အရပ်မောင်း ၊ လက်ရုံးရည် အားလုံးပြည့်ဝတဲ့ ယောက်ကျားသား ဖြစ်တာကြောင့် အစောင့်အဖြစ် ဖခမည်းတော်ထည့်ပေးလိုက်ခြင်းသာ

ထိုသူက ကျမကို သူ့အသက်နဲ့တောင်လဲပေးနိုင်တဲ့ထိ သစ္စာရှိသူမို့ ကျမအတော်လေးကိုသဘောကျရတဲ့ သူတစ်ယောက်ပါ‌လေ။

" ရှိတယ် ၊ အဲ့မှာထိုင်ပီး ငါမေးတာဖြေပေး "

ကျမပြောလိုက်တော့ ကျမအရှေ့တွင် ဝင်ထိုင်ကာ ကျမအမေးကိုစောင့်နေတဲ့သူကို ခုနကအိမ်ရှေ့စံ ကျွန်တစ်ယောက်အား ကြည့်သကဲ့သို့ ကျမသူ့အား အစွမ်းကုန်ကြိုးစား ကြည့်ပစ်လိုက်သည်

ALL LIFEWhere stories live. Discover now