အပိုင်း(၁)

3.1K 48 1
                                    

Unicode

​"ဒီတစ်ခေါက်ပစ္စည်းတွေသေချာရောက်လား"

တစ်ကိုယ်လုံးအမည်းရောင်ဝတ်ဆင်ထားသည့်လူတစ်ယောက်က သူ့လက်အောက်ငယ်သားတွေအားလုံးရဲ့အရှေ့ရှိထိုင်ခုံပေါ်တွင်ခြေချိတ်ကာထိုင်နေသည်။နှာတံစင်းစင်းနှင့်အနည်းငယ်ရှည်နေသောဆံပင်ကို သေသပ်စွာနေရာတကျထားထားသည်။အသားအရောင်ကမမည်းသော်လည်းဖြူသည့်အထဲတော့မပါ၊တိကျပြတ်သားသည့်အသံကအမိန့်ဆန်နေလေသည်။
တိတ်ဆိတ်နေသည့်အခန်းထဲတွင် အပ်တစ်ချောင်းပြုတ်ကျရင်တောင်ကြားရသည့်အနေအထားပင်။

အလုပ်ကိုသေချာတိကျစွာလုပ်ထားသော်လည်းတစ်ယောက်မျှပြန်မပြောရဲကြပေ။မာန်ခက်ထန်၏ဘေးနားတွင်ရပ်နေသော အယုံကြည်ရဆုံး အတွင်းရေးမှူးကောင်းစစ်သွေးမှ

"ပစ္စည်းတွေအားလုံးအဆင်ပြေစွာရောက်သွားပါတယ်၊Boss"

သူ​ပြောတာကို အသိအမှတ်ပြုသည့်ပုံစံဖြင့်ခေါင်းအသာညိမ့်ပြသည်

"Boss နေ့လယ်12နာရီ Meetingရှိပါတယ်"

"ခုဘယ်အချိန်လဲ"

"10 နာရီခွဲပါ Boss"

"သွားမယ်"

သြရှရှအသံအဆုံးရှေ့သို့ခြေတံရှည်များနှင့်သွပ်လပ်စွာထွက်သွားသောမာန်ခက်ထန်နောက်ကောင်းစစ်သွေး လျှင်မြန်စွာလိုက်သွားသည်
_____

"Hotal အသစ်ဆောက်ဖို့အတွက် ကျွန်တော်တို့ဘက်က ကန့်ကွက်စရာမရှိပါဘူး CEO သဘောအတိုင်းပါ"

အစည်းအဝေးအခန်းထဲတွင် မာန်ထက်ငယ်တဲ့သူတစ်ယောက်မျှမပါ သို့သော် ထိုလူကြီးများက သူ့ကိုတလေးတစားနှင့်ပြန်ပြောကြရသည့်အထိပင်သူက ချမ်းသာသည်၊အောင်မြင်သည်။

"ဒီနေ့ Meetng ပြီးပြီ"

ပြောကာထထွက်သွားသော မာန်ကို အစည်းအဝေးအခန်းထဲမှ လူအားလုံးက မတ်တပ်ရပ်ကာ ခေါင်းကိုငုံ၍နှုတ်ဆက်ကြသည်
မာန်ကတော့နေယက်ပင်လှည့်မကြည့်။

"ဒီနေ့ဘယ်ကိုသွားရအုံးမှာလဲ "

"ဒီနေ့အချိန်ဇယားပြီးပါပြီ Boss "

ကောင်းစစ်သွေး ကပြောကာ ကားတံခါးဖွင့်ပေးလိုက်သည်

သူကိုယ်တိုင်လဲကားမောင်းသူနေရာမှာဝင်ထိုင်ကာ မှန်ထဲမှတစ်ဆင့် Bossကိုကြည့်လိုက်သည် ဘယ်ကိုမောင်းရမလဲဆိုသည့်အကြည့်ပင်

My Mine(ငါ့အပိုင်) My Mine(ငါ့အပိုင္)Where stories live. Discover now