အပိုင်း(၂) အပိုင္း(၂)

1.2K 20 2
                                    

"မောနင်းမာမီ"

"မောနင်းသားလေး"

အိမ်ရဲ့လှေကားပေါ်မှုနူးညံ့စွာဆင်းလာပါသောချစ်ရသည့်တစ်ဦးတည်းသောသားလေးကအဖြူအစိမ်းအဝတ်အစားလေးနှင့်လိုက်ဖက်နေသည်။ပါးလွှသည့်ခန္ဓာကိုယ်ပေါ်တွင်ဆင်မြန်းထားသောအဖြူရောင်လည်ကတုံးလေးက ခန္ဓာကိုယ်သေးသွယ်မှုကိုဖုံးထားသယောင်၊အစိမ်းရောင်ပုဆိုးလေးကအဖြူရောင်ဝင်းလက်နေသည့်အသားရောင်နှင့်ပို၍ပင်လိုက်ဖက်နေသည်။

"ဒယ်ဒီရောမာမီ"

"သားဒယ်ဒီ Company သွားပြီကွယ့်"

"အော်..ဟုတ်"

ဒီနေ့လဲ သားအမိနှစ်ယောက်ထဲမနက်စာစားရပြန်ပြီ။ဒါက သူတို့သားအမိနှစ်ယောက်အတွက်ရိုးလှပါပြီ ဒယ်ဒီနှင့်လက်ဆုံစားသည့်အရေအတွက်ကလက်ချိုးရေလို့ရသည်။ဒယ်ဒီက L.N company ပိုင်ရှင်ဆိုတော့အလုပ်များသည်၊ဒါကြောင့်သူတို့သားအမိကိုသိပ်ဂရုမစိုက်ဖြစ်၊သူနှင့်ဆိုပို၍အနေစိမ်းသည်။

"မာမီ သားသွားတော့မယ်"

"ဂရုစိုက်သွားနော်"

"ဟုတ်မာမီ"

ညှို့လွန်းနိုင်က ကျောင်းဆရာတသ်ယောက်ပင် မချမ်းသာလို့လားဆိုရင်တော့မဟုတ်ပါဘူး။အမှတ်မကောင်းလို့လားဆိုရင်လဲမဟူတ်ပါဘူး။ဒီအလုပ်လေးကိုသိပ်မြတ်နိုးလွန်းလို့လုပ်ခဲ့တာပါ။ကလေးတွေနဲ့တစ်နေကုန်နေရင်းစာသင်ရတာလေးက ပီတိတမျိုးပင်။

အိမ်က driver ဦးမိုးကို ကျောင်းရှေ့ရောက်ခါနီးတွင်သာ ရပ်ခိုင်းလိုက်သည်။ ကိုယ်က ကားနဲ့ကျောင်းပေါက်ဝအထိသွားရင် ကလေးတွေက ကိုယ့်ကိုချမ်းသာတယ်ဆိုပြီးရှိန်သွားမှာလေ။ဒါကြောင့်ဒီမှာကျောင်းဆရာစလုပ်ထဲက သာမာန်လူတသ်ယောက်လိုသာနေထိုင်သည် ကိုယ်ကဘယ်သူ့သားသမီးဆိုတာတောင်သိတဲ့သူနည်းသည်အထိပင်။မိဘအရှိန်အဝါကြောင့်တခြားသူတွေကိုအနေမခက်စေချင်ဘူးလေ။

ညှို့တစ်ယောက်ကားပေါ်ကဆင်းက ရှေ့သို့နည်းနည်းထက်လျှောက်ရင် ကျောင်းကိုရောက်ပြီ။သူလဲလမ်းအနည်းငယ်ထက်လျှောက်တော့ ကားတစ်စီးက အရှေ့ရောက်ပြီးမှသူ့အနားကိုပြန်ရောက်လာတော့မည်ပုံစံနှင့်အနည်းငယ်ပြန်ဆုတ်လာသည်။သို့ပေမဲ့မရပ်ဘဲအရှေ့သို့ပြန်လည်မောင်းနှင်သွားသည်။

My Mine(ငါ့အပိုင်) My Mine(ငါ့အပိုင္)Where stories live. Discover now