အပိုင်း(၃) အပိုင္း(၃)

999 25 0
                                    

Unicode

"သူဌေး M.K.T company ပိုင်ရှင် CEO ကတွေ့ချင်လို့ရောက်နေပါတယ်"

"ဟင် အေဝင်ခိုင်းလိုက်"

"ဟုတ်ကဲ့"

အတွင်းရေးမှူးမလေးက မာန်ခက်ထန်ကိုခေါ်ရန်ပြန်ထွက်သွားခဲ့သည်။

ထူးဆန်းနေတယ်၊M.K.Tရဲ့ CEO ကဘာလို့တွေ့ချင်ရတာလဲ တခါမှမတွေ့ဖူးပထင်မဲ့ နာမည်ကိုကြားထဲက အာဏာရှိကြောင်းလူတိုင်းသိသည်။ မာန်ခက်ထန်ဆိုတဲ့ M.K.T CEO ကအရမ်းချမ်းသာတဲ့သူ ဒါပေမဲ့ သူ့နောက်ကြောင်းကို ဘယ်သူမှမသိရ သူကပွားခနဲဆို ပေါ်လာပြီးအောင်မြင်နေတာ ခုဆို တစ်ကမ္ဘာလုံးမှာ Top 10ဝင်သည်လို့ကြားသည်။ နံပါတ်ဘယ်လောက်လဲတော့မသိချေ။

"ဟော...လာပါဗျာ ထိုင်ပါ"

ဦးငြိမ်းမင်းနိုင်က ဧည့်ဝတ်ကျေစွာ နှုတ်ဆက်လေသည်။ မာန်တစ်ယောက် ခေါင်းသာငြိမ့်ပြပြီး ဆိုထာပေါ်ထိုင်လိုက်သည် ။ကောင်းစစ်ကတော့သူ့ဘေးနားတွင်ရပ်လျက်သား၊

ဦးငြိမ်းမင်းတစ်ယောက် စကားအစဖော်မရဖြစ်နေသည် ။ တခါမှလဲမတွေ့ဖူး အလုပ်လဲတူတူမလုပ်ဖူးဘဲ ဒီလိုကြီးလာတွေ့တယ်ဆိုတော့ အနည်းငယ်တော့ကြောက်မိသည်။

"ခဗျားသားကို ကျုပ်လက်ထက်မယ် "

စကားအစပျိုးရင် ရှာနေတုန်း ပြောလာသည့်မောင်ရင်ရဲ့စကားက လူကိုအကျပ်ရိုက်စေသည်။

"ဦးလေးသားနဲ့ ချစ်သူတွေလားကွယ့်"

"မဟုတ်ဘူး"

တည်ငြိမ်စွာဘဲ ပြန်ဖြေလာသည့်အသံကြောင့် ကိုယ်က လက်ခံပေးရမလို ငြင်းရမလိုပင်။

"ဒါဆိုအသိတွေလား"

"မဟုတ်ဘူး"

"ဒါဆို.."

"ကျစ်! အမေးအမြန်းထူလိုက်တာ ။ ဒီမှာကျုပ်က ခများကို ခွင့်တောင်းနေတာမဟုတ်ဘူးနော် အသိလာပေးတာ။ခဗျားသားကိုကျုပ် ယူမယ်"

"မောင်ရင်က ဦးလေးသားကိုဘာလို့ယူချင်ရတာလဲ။"

"လိုးချင်လို့"

ပြောလိုက်သည့်စကားက ရင်ဝကိုဆောင့်ကန်လိုက်သလိုပင်။သားလေးကိုတယုတယ မပြုစုခဲ့သော်ငြားလဲ သူ့ကိုအလွန်ချစ်ပါသည်။ အခုလိုအပြောလိုက်တာက ဦးငြိမ်းမင်းနိုင်ရဲ့ ဒေါသကိုဖိတ်ခေါ်လိုက်သလိုပင်။

My Mine(ငါ့အပိုင်) My Mine(ငါ့အပိုင္)Where stories live. Discover now