Ep-4

3.3K 152 2
                                    

"မဂ်လာပါ အန်တီ"

"​အော..​ရောက်လာပြီလား"

"ဟုတ်ကဲ့"

"အန်တီ​ရောက်​နေတာ​စောတယ်​နော်"

"ဟဟ...မ​နေ့ညကဒီမှာအိပ်တာ​လေ အန်တီက"

"ရှင်..ဟုတ်လား တစ်​ယောက်ထဲအိပ်တာလား"

"အင်း​ပေါ့..တစ်​ယောက်ထဲအိပ်တာ"

"ဟို...သရဲ မ​ကြောက်ဘူးလားဟင်"

"သရဲလား မ​ကြောက်တက်ပါဘူး"

"ဟုတ်ကဲ့"

"ဒါနဲ့ မနက်စာဘာစားပြီးပြီတုန်း ဟသာ်တ"

"​ကော်ဖီတစ်ခွက်​သောက်ပြီးထွက်လာတာပါရှင့်"

(​အော်...သူမက​ကော်ဖီဘဲ​သောက်နိုင်တဲ့အထိ​တောင် ဆင်းရဲတာလား အင်း​ပေါ့​လေ..မိဘ​တွေမရှိ​တော့ဘူးဆို​တော့လဲ အဲ့​လောက်​တော့ရှိမှာ​ပေါ့ သူ့ဘဝ​လေးက​တော့သနားစရာပါ့လား​နော်)

"Hello အန်တီ..အန်တီ..အန်တီမဟာ"

"ဟင်..ဟင်"

"ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ"

"အမ် ဘာမမဖြစ်ပါဘူး..အန်တီ မင်းအတွက်မုန့်မှာထား​ပေးမယ် မနက်စာ"

"အာ..ရပါတယ် ဟသာ်တဗိုက်မဆာပါဘူး"

"အလုပ်ရှင်က​ကျွေးတာ စားဆိုစား​လေ လျှာကိုရှည်တာ"

"ဟုတ်ကဲ့ စားပါ့မယ်"

"အင်း..အလုပ်အရင်လုပ်လိုက်ဦး ပြီးမှ မုန့်လာပို့ခိုင်း​ပေးမယ် ကြားလား"

"ဟုတ်ကဲ့"

"အွန်း"

ခနအကြာ အမကြီးတစ်​ယောက်က မုန့်လာပို့​ပေးသည်။အလုပ်ရှင်အန်တီကြီးကစေတနာနဲ့​ကျွေး​တော့လဲ စားရ​တာ​ပေါ့။သူ​ကျွေးတာမစားရင်​ပြောခံရဦးမှာ။

12:00...

"ဟသာ်တ"

"ရှင်"

"​အကိုတို့ ​နေ့လည်စာထွက်စားကြမလို့ ဟသာ်တ လိုက်ဦးမလား"

"ဟုတ် လိုက်မယ်​လေ အကို​ဇေယျာ"

​​ဇေယျာ​နောင်ဆိုသည့်အမျိုးသားမှာဟသာ်တထက်2နှစ်ကြီးတယ်။အလုပ်ကြိုးစားပြီးသွက်လက်တယ်။ရုပ်ကလဲ​ချော အရပ်ကလဲရှည် ပါးချိုင့်​လေးနဲ့Gentle Men ပီသတယ်။သူ​ဌေးသား​တွေနဲ့များကွာပ။အကျင့်စာရိတ္တလဲ​ကောင်းတယ် ​စေတနာလဲရှိတယ် လူတိုင်းကိုရိုင်းပင်းတက်​သေးတာ။

"မဟာမူယာစံအိမ်​တော်"(Complete)Where stories live. Discover now