Ep-25

2.3K 116 9
                                    

"အား..ကျွတ်ကျွတ် ​ခေါင်း​တွေကိုက်လိုက်တာ"

"မဟာ..ရရဲ့လား"

"ရပါတယ် အမ"

"​ခေါင်းကိုက်​နေရင်ဒီ​နေ့အလုပ်မသွားနဲ့​တော့​လေ..အလုပ်မှာ​နှောင်းလဲရှိတယ်ဆို​တော့"

"ဟုတ်ကဲ့..ဒီ​နေ့မဟာအလုပ်မသွား​တော့ဘူး"

"အွန်း..ကြီးကြီးကိုသံပုရာရည်​ဖျော်ခိုင်းထား​ပေးမယ် ဆိုဖာ​ပေါ်ထိုင်​နေဦး"

"ဟုတ်အမ"

"အန်တီမဟာ..​နေမ​ကောင်းဘူးလား"

"အွန်း..​နှောင်းရယ် ကြည့်ရတာဒီ​နေ့အလုပ်သွားနိုင်မယ်မထင်ဘူး"

"ရပါတယ်..​နှောင်းဘဲသွားလိုက်မယ် ကိစ္စမရှိဘူး"

"​ကျေးဇူးကွယ်"

"ဒါဆို​နှောင်းကိုသွားခွင့်ပြုပါဦး​နော်"

"အင်း"

​နှောင်းတစ်​ယောက်ဒီ​နေ့မဟာရုံးမသွားနိုင်​တော့တာကိုသိ​သော်လည်းမသိချင်ဟန်​ဆောင်ကာအိမ်ထဲသို့ဝင်လာ​ပြီးမျက်နှာလာပြလေသည်။

"​နှောင်း​ရေ.."

"ရှင်.."

"မနက်စာစားပြီးပြီလား"

​နှောင်းအိမ်မှာစားပြီး​သော်လည်းခင်​က​​မေးလာတာ​ကြောင့်​ခေါင်းရမ်းကာ..

"ဟင့်အင်း..မစားရ​သေးဘူး"

"အဲ့ဒါဆိုတစ်ခုခုစားသွား​လေ"

"ရတယ်ခင်..​နှောင်းရုံး​နောက်ကျလိမ့်မယ်"

"လာပါ..ခဏဘဲ မကြာပါဘူး"

"ရပါတယ်လို့ဆို"

"ကဲ..အဲ့ဒါဆိုလည်းဒီမှာခဏ​စောင့်​နေ"

"..."

ခင်တစ်​ယောက်မီးဖို​ချောင်ထဲသို့​ဝင်ကာတစ်ခုခုကိုထုပ်​နေပုံရသည်။

"ဒါဘာကြီးလဲ"

"ခင်ကိုယ်တိုင်လုပ်ထားတာ ကြက်ဥပူတင်း..ရုံး​ရောက်ရင်စား​နော် မစားရင်စိတ်မ​ကောင်းဖြစ်မိမှာ"

"စားပါ့မယ်ရှင်..ဒါဆို​နှောင်းသွား​တော့မယ်​နော်"

"အွန်းအွန်း..ဂရုစိုက်သွား​နော်​နှောင်း"

"မဟာမူယာစံအိမ်​တော်"(Complete)Where stories live. Discover now