အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)

483 40 0
                                    

256

ကျန်းရှောင်မန်နှင့် ယွီချင်းရှီကျောင်းသို့စက်ဘီးဖြင့်သွားခဲ့ကြသည် ။

သူတို့အိမ်သည် ကျောင်းနှင့်အနည်းငယ်အဝေးသော်လည်း တကယ်တမ်းတွင် သူတို့ကိုယ်တိုင်စက်ဘီးစီးပြီး သွားစရာမလိုပေ။ မည်သို့ပင်ဖြစ်စေ ကျန်းရှောင်မန် သူမအိပ်ရာစောစောဝင်ပြီး စောစောထလျှင် အလုပ်ကောင်းကောင်းလုပ်နိုင်ပြီး ကောင်းကောင်းအနားယူနိုင်မည်ဟုတွေးထားသည်။ သူမလေ့ကျင့်ခန်းလုပ်နိုင်ပြီး ကျန်းမာရေးကိုလည်းထိန်းသိမ်းထားနိုင်မည်ဖြစ်သည် ။ ၎င်းသည်ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်သကဲ့သို့ပင် ။

ကျန်းရှောင်မန် စက်ဘီးစီးမည်ဟု ဆုံးဖြတ်လိုက်ကတည်းက ယွီချင်းရှီပြောစရာမရှိပေ။ ကျန်းရှောင်မန် ပြောသည့်စကားအတိုင်း ဖြစ်သွားတာပင် ။

ယနေ့ နှစ်ယောက်သားလမ်းတွင်မတော်တဆမှုဖြစ်ခဲ့သည် ။

ကျန်းရှောင်မန် ယွီချင်းရှီကိုဝင်တိုက်မိပြီး ယွီချင်းရှီခြေထောက်ဒဏ်ရာရသွားကာ သူ၏ကျောင်းဘောင်းဘီပင် အနည်းငယ်ပြဲသွားခဲ့သည် ။

ယွီချင်းရှီက ထိုကဲ့သို့သေးငယ်သည့် ဒဏ်ရာမျိုးကိုဂရုမစိုက်ပေ။ ဆေးပလာစတာကပ်ရုံဖြင့် လုံလောက်ပြီဟုသူထင်ပြီး သက်သာနေပြီဟုပင် စဉ်းစားခဲ့သည်။ သို့သော်ကျန်းရှောင်မန်က အလွန်အပြစ်ရှိသည်ဟုခံစားရပြီး ဝမ်းနည်းနေသည်။ ကျောင်းသို့ရောက်သည်နှင့် သူမဆရာမကို ပြောပြရန် မြန်နိုင်သမျှမြန်မြန်သွားခဲ့ပြီး ယွီချင်းရှီကိုကျောင်းဆေးခန်းသို့ပို့ပေးခဲ့သည်။

ယွီချင်းရှီ သူမလုပ်ချင်သည်ကို လုပ်ခွင့်ပေးထားခဲ့သည် ။

နှစ်ယောက်သား ကျောင်းဆေးခန်းသို့အတူတူသွားခဲ့ကြသည် ။

ကံဆိုးစွာဖြင့် ထိုမြင်ကွင်းကိုယဲ့ကျားကျားမြင်သွားခဲ့သည်။ သူမ၏ယခင်ခန့်မှန်းချက်ကိုတွေးကြည့်လိုက်ပြီး သူမမျက်လုံးထဲတွင်အတင်းပြောချင်သည့် အလင်းရောင်ကပို၍ တောက်ပလာခဲ့သည် ။

'အရမ်းကိုချစ်နေကြပါလား...'

'ဒီနှစ်ယောက်မှာ တကယ်ကိုပြဿနာရှိနေတာပဲ...'

အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)Where stories live. Discover now