💞 သက္ကရာဇ်ရဲ့ ဥယျာဉ်ငယ် 💞 8

1.1K 49 1
                                    

   လူနာတွေရှေ့မှာပြုံးရယ်နေတဲ့ အန်တီရဲ့အပြုံးတွေကြောင့် လူနာတောင်ဖြစ်လိုက်ချင်းစမ်းပါဘိငယ်ရယ်..

" ကလေးရေ သေချာလိုက်မှတ်ထားနော် မမှားစေနဲ့ "

ပျိုးအရှေ့က လူနာကိုကြည့်ပြီးပြောလိုက်ပေးမဲ့စကားသံမရတာကြောင့်

"ကလေးငယ် အန်တီပြောတာကြားလား "

" အ့ ဟုတ် ဟုတိ ကြားတယ်အန်တီငယ် "

အန်တီကတော့ကလေးငယ်ရယ်လို့ ဘာရယ်မဟုတ်ပါပဲနဲ့ခေါ်လိုက်တာပဲ နွေးရဲ့နှလုံးသားလေးကတော့အရှိန်ပြင်းစွာမောင်းနှင်းလားတဲ့မီးရထားတစ်စင်းဖွယ် ...ငယ်ကတော့အရှေ့ကနေတစ်လှမ်းရင်သွားနေလေရဲ့ ...အချစ်ဆိုတာလဲခက်သားအတူတူမရှိပြန်တော့လဲမရှိပြန်လို့ တစ်မိုးအောင်မှာအတူတူရှိနေပြန်တော့လဲ ခုန်နေတဲ့နှလုံးသားလေးကိုထိန်းဖို့ခတ်နေပြန်ရော ..

ဘုတ် ...

" Sorry နော်ညီမလေး "

ငယ်အကြောင်းစဉ်းစားနေတာနဲ့ ဝင်တိုက်မိကုန်ပြီး ဘယ်ဌာနကဆရာဝန်လဲမသိဖူး နွေးကအက်လို့ရယ်ပေါ့ ငယ်မျက်နှာတစ်ကမ္ဘာဆိုပြီးငယ်မျက်နှာသာတစိမ့်စိမ့်ကြည့်တာ ကျန်တဲ့လူတွေကို သတိတောင်မထားမိ

" ဟုတ် ရပါတယ်ဒေါက်တာ နွေးကိုခွင့်ပြုပါဦးရှင့် "

မင်းသန့်ညီတစ်ယောက် ကိုယ့်ကိုပြုံးတောင်ပြမသွားတဲ့ nurse တစ်ယောက်ကြောင့်အခုလိုမျိုးငေးနေရမယ် မထင်ထားမိ လှလိမ့်တာကောင်းမလေးရာ တစ်ခါမှမမြင်ဖူးပုံထောက်ရင် ဒေါက်တာပျိုးဥယျာဉ်ဘေးက nurse မလေးထင်တယ် ..

" တီငယ် ထမင်းစားကြမယ်လေ နွေးပြင်လိမ့်တော့မယ် "

လှုပ်ခတ်သွားတဲ့ရင်ထဲကအကောင်ငယ်လေးနဲ့အတူ ပျိုးပြန်ပြောမဲ့စကားကိုငေးကြည့်နေတဲ့ပျိုးအရှေ့က ချစ်စရာကလေးငယ်လေး ဒီမျက်ဝန်းဝိုင်းဝိုင်းလေးတွေရင်းနှီးနေလေရဲ့ဘယ်မှာများမြင်ဖူးနေပါလိမ့် တွေ့တာမကြားသေးပါပဲနဲ့ဒီကလေးငယ်လေးနဲ့ဘာကြောင့်ရင်းနှီးနေတယ်ခံစားမိပါလိမ့် ..

" တီငယ် ဘာတွေစဉ်းစားနေတာလဲဟင် "

စတွေ့တုန်းက အန်တီငယ် အခုတော့တီငယ်အမျိုးမျိုးတတ်နိုင်လွန်းတဲ့ကလေးမလေးပါလေ " စားတာပေါ့ ကလေးငယ်လဲစားလေ "

သက္ကရာဇ်ရဲ့ ဥယျာဉ်ငယ် ( Gl )OCWhere stories live. Discover now