💞 သက္ကရာဇ်ရဲ့ ဥယျာဉ်ငယ် 💞 19

1K 52 0
                                    

💞 သက္ကရာဇ်ရဲ့ဥယျာဉ်ငယ် 💞 ( 19 ) gl

     " မင်းသန့်ညီ မင်းဘာလုပ်လိုက်တာလဲ "

ဖုန်းတစ်ဖက် Coffee အေးဘူးတစ်ဖက်ကိုင်ကာ နွေးကိုအနောက်ပို့ရင် နွေးရှေ့ကကြားဖြတ်ဝင်လားတဲ့ ငယ်ကြောင့် ခုနကထွက်နေတဲ့ နွေးရဲ့ ဒေါသတွေတောင်ဘယ်ပျောက်သွားမှန်းမသိ ကြည်နူးမိပြန်သည် ဒီအမျိုးသမီးဟာလေ No  မဟုတ်ဖူး နွေးအမျိုးသမီးဟာလေနွေးကိုသိပ်ပြုစားနိုင်လွန်တယ်....

" ဗျာ ..."

ရိုက်ခံရတာညီပါ ဒါတောင်မှ အကြည့်အစူးစူးတွေနဲ့‌ညီကိုကြည့်ကာ ဒေါသအသံနဲ့မေ့ငေါ့လားတဲ့ ဒေါက်တာပျိုးဥယျာဉ်ငယ် ...

" ဗျာ မနေနဲ့ မင်းဒီကလေးကိုဘာလုပ်လိမ့်တာလဲ"

" ညီကအရိုက်ခံရတဲ့သူ့ပါ ဒေါက်တာ "

" မိန်းကလေးတစ်ယောက်က မင်းကိုပါးရိုက်တယ်ဆိုတာ မင်းဘက်ကသူ့လက်မခံနိုင်စရာတစ်ခုခုလုပ်လို့ဆိုတာ မြင်ယုံနဲ့သိတယ် "

" ညီ နွေးသက္ကရာဇ်နဲ့ စကားပြောချင်းယုံလေးပါဒေါက်တာ "

" ဒီမှာကလေး တီငယ်ကိုပြော သူ့ကလေးကိုဘာပြောသေးလဲ ဘာလုပ်သေးလဲ တီငယ်ကိုပြောနော် "

နွေးပုခုံးကိုရောက်ရှိလားတဲ့ နွေးထွေးတဲ့လက်တစ်စုံးနဲ့အတူ နွေးကိုစိတ်ပူနေတဲ့ငယ်ရဲ့မျက်ဝန်းတွေကြောင့် အရှေ့ကသူ့တောင်းစားကိုပင်ကျေးဇူးတင်ရမလို့

" ဘာမှမကြောက်နဲ့ကလေး တီငယ်ကိုအမှန်တိုင်းပြောနော် "

ထပ်မံရောက်ရှိလားတဲ့ အသံချိုချိုလေးတွေကြောင့် " နွေးကိုရည်းစားစကားပြောလို့ပါတီငယ် "

" နွေးဘက်ကငြင်းပြီးသားကို ရှေ့ဆက်တိုးလားလို့ နွေးရိုက်မိတာပါ "

မျက်လွှာလေးချကာ မဝံမရဲပြောလားတဲ့ အရှေ့က ကလေးပေါက်ကြောင့်  ပျိုးရဲ့ဒေါသတွေက ဒီဂရီအမြင့်ဆုံးရှိ‌သို့ ..

" မင်းသန့်ညီ မိန်းကလေးတစ်ယောက်က မင်းကိုငြင်းပြီးနေပြီးပဲ မင်းသိက္ခာကိုမင်းဂရုမစိုက်ရင်တောင် တစ်ဖက်မိန်းကလေးရဲ့သိက္ခာကိုတော့ မင်းထည့်တွက်သင့်တယ် ဒီနေ့ရာကိုရောက်လားတာငါ့မဟုတ်ပဲ တစ်ခြားဝန်းထမ်းတွေသာဆို ဒီကလေးကိုဘယ်လို မြင်ကြမလဲ မင်းစဉ်းစားကြည့်စမ်း "

သက္ကရာဇ်ရဲ့ ဥယျာဉ်ငယ် ( Gl )OCWhere stories live. Discover now