//3//

99 13 0
                                    

10

ပိုင်ဖန်ကလည်း ခြင်္သေ့ ဒီအကြိမ်တိုက်ခိုက်ဖို့အတွက် ရောက်လာပေမယ့် အနမ်းတစ်ပွင့်တောင်းလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားပေ။

ပိုင်ဖန်ရှေ့တစ်လှမ်း တိုးလိုက်တယ် : ငါ.......ငါမင်းကို နမ်းရင်ဒါကိုနောင်တမရနဲ့။

ခြင်္သေ့လည်းပဲ ‌ရှေ့တစ်လှမ်းတိုးလိုက်တယ်  : မင်း.........မင်းနမ်းရင်ဒါကိုနောင်တမရနဲ့။

နှစ်ယောက်သားအလွန်နီးကပ်တာကြောင့် သူတို့နှာခေါင်းတွေက ထိတော့မလို့ပါပဲ။

ရုတ်တရက်ကြီး တံခါးကတွန်းဖွင့်ခံရပြီး အလွန်ကို အပြန်အလှန်နားလည်မှုနှင့် သူတို့က သံပြိုင်ပြောလိုက်တယ် : ဝေးဝေးသွားလောင်ဇီကို ဝေဒနာမပေးနဲ့!

အေးဂျင့်နှစ်ယောက်..........

11

ငါတို့အားလံုးသိကြတဲ့အတိုင်း ပိုင်ဖန်မှာတောင့်တင်းတဲ့နောက်ခံရှိတယ်။ ဒါပေမယ့် လူနည်းဆိုနည်းနညး်လေးကသာ ဘယ်သူကသူ့ရဲ့အကြီးမားဆံုးပံပိုးပေးသူလဲဆိုတာ သိကြတယ်။

ပိုင်ဖန်ကိုယ်တိုင်ကလည်းပဲ သူ့အစ်ကိုရဲ့ ကိုယ်ရေးအချက်အလက် အစစ်အမှန်ကု သူ့အသက် ၁၇ မတိုင်ခင်မသိခဲ့ရပေ။

သူ့မိသားစုက Chanelစလစ်ပါတွေ၊ LVအိမ်သာတွေရောင်းရုံနဲ့ အမျိုးမျိုးသော တိုက်ခန်းပရိဘောဂဆိုင်တွေ(ပိုင်ရုံ) သာမက တရုတ်မှာ ကုမ္မဏီတစ်ခုရှိတယ်လို့ ဖြစ်သွားလေတယ်။

ပိုင်ဖန့်အစ်ကို သူဘယ်သူလဲ?

X Hua ရဲ့လတ်တလောစီအီအို 100မီလီယံယွမ်ကျော်တန်ဖိုးရှိတဲ့သူဟာ အင်တာတိန်းမန့်လုပ်ငန်းတွေ၏ တစ်ဝက်ကို ထိန်းချုပ်ထားတဲ့သူ ပိတ်ကားနောက်ကွယ်က ဘောစ့်လည်းဖြစ်တယ်။

သူ့မှာပိုမိုပြီးလျှို့ဝှက်သည့် ကိုယ်ရေးအချက်အလက်လည်း ရှိသေးတယ်။

Rabbit Beijing Fan Club ဥက္ကဠ

ယုန်ပွဲဦးထွက်တာလေးနှစ်ကြာပြီးနောက် ပိုင်စစ်က နာမည်ကြီးအဝတ်အစားတွေနှင့် အထောက်အပံ့တွေကို မကြာခဏပိုပေးတယ်။ ပိုင်စစ်က နှစ်တိုင်းလိုလို ယုန်၏မွေးနေ့ကို ပံ့ပိုးပေးရာတွင်လည်းပဲ အလွန်ရက်ရော၏။ သူဟာဖောဖောသီသီလက်ဆောင်တွေ ပေးရုံသာမက သူကဘတ်စ်ကားတွေနှင့် ရထားဘူတာရုံတွေတွင် ကြော်ငြာတွေနှင့်လည်း ဖုံးပစ်သေးတယ်။ ပြီးတော့ ယုန်အတွက် ရှိက တွေမှာလည်း စာချုပ်ချုပ်တယ်။

ပိုင်စစ်ကသူ့(ယုန်)နာမည်နှင့် ပိုက်ဆံတွေလှူပြီး မျှော်လင့်ချက် မူလတန်းကျောင်းတွေနဲ့ တိရစ္ဆာန်ရုံတွေကို ဆောက်ခဲ့တယ်။ အိမ်၊ ကား နှင့် ပင်လယ်အပျော်စီးသင်္ဘောတွေ အတွက်ကတော့ ယုန်‌ရဲ့ရှင်းလင်းလှတဲ့ ငြင်းဆိုချက်ကြောင့်သာမဟုတ်ရင် ပိုင်စစ်ကထိုဟာတွေကို အရင်ကတည်းက ပေးပစ်လောက်တယ်။

ယုန်ရဲ့ကျန်ရှိနေတဲ့ဖန်တွေက သူ့ကိုဒူးထောက်ချပြီး ကိုးကွယ်ကြတယ်။ အကယ်၍ ထိုသူက ကြယ်တွေနဲ့လကို ခူးချင်ခဲ့ရင်တောင်မှ သူ့မှာနည်းလမ်းရှိလိမ့်မယ်လို့ တွေးနေကြတယ်။

နောက်ဆုံးတော့လည်း သူယုန်လေးကို အူလိုက်သည်းလိုက်ချစ်ပြီးကြယ်တွေနဲ့ လတွေက သူအတွက်ကြွေကျပေးနိုင်တယ်။

12

ယုန်ကလည်းထိုသူ၏ တည်ရှိမှုကို သိလေတယ်။ သူက Fatou(နာမည်ပါနော်)ကို ပိုင်စစ်ရဲ့ဆက်သွယ်ရေး အချက်အလက်ကိုမေးမြန်းခဲ့တယ်။

ယုန်၏ဖန်တစ်ယောက်အနေနဲ့ ပိုင်စစ်တွင် သေးငယ်တဲ့ အကောင့်လေးတစ်ခုသာရှိတယ်။ ပထမအကြည့်တစ်ချက်မှာတင် သူကဇွန်ဘီဖန်တစ်ယောက်နဲ့တူပေမယ့် သူထားတဲ့အရာတွေက ယုန်လေးနဲ့ဆက်စပ်နေတာတွေ ချည်းပါပဲ။

ယုန်ကအားတဲ့အချိန်ဆို ပိုင်စစ်နဲ့ ဖို့လက်ဦးမှုယူပြီး သူရဲ့ရေရှည်ထောက်ပံ့မှုအတွက် သူ့ကိုကျေးဇူးတင်တယ်။

ယုန် ; ကျေးဇူးပါ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်လည်းမင်းကို လက်ဆောင်တစ်ခုပေးချင်တယ်။

ပိုင်စစ် ; ??

ယုန်ကစက္ကန့်အနည်းကြာ ဗီဒီယိုကိုရိုလိုက်တယ်။ ဒီဗီဒီယိုထဲမှာ သူကထပ်ကာထပ်ကာ မျက်စိတစ်ဖက်မှိတ်ပြပြီး အသည်းပုံလေးတွေလုပ်ပြနေတယ်။ ကျွန်တော်ပါးကိုချစ်တယ် ပါး!

  ပိုင်စစ် ; ..........

ပိုင်စစ် ; ?!!

တချို့လူတွေက အပေါ်ယံမှာတည်ငြိမ်ပေမယ့် သူတို့ရဲ့နှလုံးသားတွေ ဆူပူလှုပ်ရှားနေတတ်တယ်။

သူက ယုန်ရဲ့ခန္ဓာကိုယ်ပုံပါဖက်လုံးကို တင်းကျပ်စွာဖက်ပြီး စိတ်တည်ငြိမ်ဖို့ လူတစ်ယောက်ကိုလိုနေတယ်။

ပိုင်စစ်ကတိတ်ဆိတ်စွာ လိုင်းပေါ်ကဆင်းသွာ‌းတယ်။

တခြားလူရဲ့ပရိုဖိုင်က မှောင်သွားတာမြင်ရတော့ ယုန်စိတ်ဓာတ်ကျသွားတယ်။ ဘုရားရေ!  အဲ့ဒါကသူ့ကိုခြောက်မိသွားတာလား? ငါကရွံ့စရာကောင်းတယ်လို့ သူထင်သွားတာလား? နိုး! ပါးသားကို ထပ်ချစ်ပါ!

ပိုင်စစ်က ယုန်ကို ဒီညအိပ်မက်မက်ပြီး အိပ်မက်ထဲတွင် သူ့ကို ပြင်းပြင်းထန်ထန် 'ချစ်' ခဲ့တယ်။

-------------------------------------------------------------------------
25.oct.2023

Who Slept with My Brother?! //ဘာသာပြန်//Where stories live. Discover now