ပျောက်ဆုံးနိဗ္ဗာန်ဘုံ အပိုင်း(1.1)

227 17 0
                                    

              ၂၄၁၈ခုနစ်, အမေရိက မြောက်ပိုင်းရှိ Rocky Mountainတွင်

       မိုင်ပေါင်းရာချီကျယ်ပြောပြီး မီတာတစ်ရာနီးပါးရှိတဲ့ထင်းရှူးပင်ကြီးတွေနဲ့ ပြည့်နှက်နေတဲ့ ကျယ်ပြန့်လှတဲ့ တောအုပ်တွေဟာ ကမ္ဘာပေါ်မှာ " Eden " ရှာမတွေ့နိုင်သေးတဲ့ နေရာအနည်းငယ်တွေထဲက တစ်ခုဖြစ်တယ်။
      ကောင်းကင်ပေါ်က  ငှက်ကလေးတွေရဲ့တေးသီနေသံကလွဲလို့ အရာရာဟာ ဆိတ်ငြိမ်ခြင်းအတိ။ ဒါပေမယ့် မြည်ဟိန်းနေတဲ့ အင်ဂျင်သံတွေဟာ တိတ်ဆိတ်နေမှုကို ဖြိုခွဲနှောက်ယှက်လိုက်တယ်။ ကွန်တိန်နာကြီးတွေကို ဆွဲလာတဲ့ အစောင့်အရှောက်ယာဥ်တန်းဟာ ဖုန်ထူနေတဲ့ လူလုပ်လမ်းမတစ်ခုကိုဖြတ်လို့ တောထဲကို  ဝင်ရောက်လာကြတယ်။ အဲ့ဒီအစောင့်အရှောက်အဖြစ်ပါလာတဲ့ ကုန်တင်ကားတွေကိုဖုံးကွယ်ဖို့ရန် ဆေးခြယ်ထားတဲ့ ယာဥ်ရဲ့ကိုယ်ထည်တစ်ခုလုံးမှာ ကျည်ပေါက်ရာတွေအပြည့်နဲ့ လေကာတဲ့ဒိုင်းနေရာမှာလည်းသွေးစွန်းကွက်လို့ ယူဆရတဲ့အရာတွေနဲ့ ပြည့်နှက်နေတယ်။
        တောထဲက ချိုင့်ဝှမ်းတစ်ခုမှာတော့ မီတာ ၁၅၀ခန့်မြင့်တဲ့ တံတိုင်းကြီးတွေနဲ့ကာရံထားတဲ့ သီးနှံစိုက်ပျိုးထားတဲ့မြေနေရာတွေ ပွဲကြည့်စင်တွေ စစ်တန်းလျားတွေနဲ့ စောင့်ကြည်မျှော်စင်တွေ အတန်းလိုက်တည်ရှိနေတဲ့ "မြို့"တစ်မြို့ တည်ရှိတယ်။ အဲ့ဒီနေရာမှာ မရေမတွက်နိုင်အောင်များပြားလှတဲ့ ဂီယာကြီးတွေနဲ့ ထိန်းချုပ်မောင်းနှင်ထားတဲ့ ကျည်ကာစတီးပြားတွေနဲ့ပြုလုပ်ထားတဲ့ ဂိတ်ပေါက်သုံးခုရှိတယ်။ ဝင်ပေါက်ရဲ့ နှစ်ဖက်စလုံးမှာလည်း မြင့်မားလှတဲ့စောင့်ကြည့်မျှော်စင်တွေ ထားရှိတယ်။ မျှော်စင်တွေပေါ်မှာတော့ M625 စက်သေနတ်တွေကိုင်ဆောင်ထားတဲ့ တာဝန်ကျစစ်သားနှစ်ယောက်က နေ့ညမပြတ် ရှိနေကြတယ်။  အဲ့ဒီနေရာတစ်ခုလုံးကို မြို့လည်ခေါင်ကနေ အချင်းဝက် မီတာ၂၀၀နီးပါးရှိပြီး ဂြိုလ်တုအချက်ပြတွေအားလုံး (ရေဒါအချက်ပြတွေနဲ့ အနီအောက်ရောင်ခြည်တိုင်းတဲ့ အချက်ပြ)ကို ဟန့်တားပေးနိုင်တဲ့ စက်ဝိုင်းခြမ်းသဏ္ဌာန် ဟားဗာ့အကာအရံနဲ့ ဖုံးလွှမ်းထားတယ်။ ထိုအကာအရံဟာ တံလျှပ်ထင်စေတဲ့ နည်းစနစ်ကို အသုံးပြုပြီး သီးခြားဖြစ်နေတဲ့ ကြားပိုင်းနေရာကိုဖြည့်ဖို့အတွက် အလင်းပြန်တဲ့သက်ရောက်မှုနဲ့ " Eden " ဆီကနေ ဖုံးကွယ်ပေးထားတယ်။
       ဒါက "ပျောက်ဆုံးနိဗ္ဗာန်ဘုံ"ပဲ။ ဒီကမ္ဘာပေါ်က ယောက်ျားတွေရဲ့ နောက်ဆုံးကျန်ရှိတဲ့ခိုလှုံရာနေရာအနည်းငယ်ထဲကတစ်ခုဖြစ်တယ်။ မပြောပလောက်တဲ့ စက်ပြင်ဆရာနဲ့ သုသေသနရှင်အနည်းငယ်ကလွဲလို့ လူတွေက လျှပ်စစ်ထုတ်ကုန်တွေကို အသုံးပြုခဲလာကြတယ်။ သဘာဝအတိုင်းမီးထွန်းကြပြီး လျှပ်စစ်မီးသီးနဲ့ ရေနံဆီမီးအိမ်ကိုတောင်မှ အသုံးပြုတာလျော့ပါးလာတယ်။ ဆက်သွယ်တဲ့နေရာမှာလည်း မြို့ထဲမှာ စာပို့သမားတွေကနေတစ်ဆင့်ပေးပို့ပြီး ကြေးနန်းကိုတောင်မှ အသုံးမပြုကြတော့ဘူး။ 'သုသေသနနဲ့ဖွံ့ဖြိုးရေးဗဟိုဌာန'မှာ ရှိတဲ့ ကွန်ယက်သိုလှောင်ရေးကိုတောင် လုံးဝပိတ်ချလိုက်ပြီး  ဆာဗာတွေအားလုံးကိုလည်း မြေအောက်အနက်ပိုင်းထဲမှာ ပိတ်ထားလိုက်ကြတော့တယ်။ အဆင့်ငါးနဲ့ အထက်ရှိပြီး "စားပွဲဝိုင်း"ကော်မတီရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ အမှုထမ်းကသာ ဝင်ရောက်ခွင့်ရှိတယ်။
    အစောင့်အရှောက်ကားတန်းဟာ ဂိတ်ပေါက်ကို မရောက်ခင်ရပ်တန့်လိုက်ပြီး ကားမောင်းသူတွေနဲ့ အကူဒရိုင်ဘာတွေအားလုံးက ထရပ်ကားတွေထဲကနေထွက်ပြီး အတန်းလိုက်ရပ်နေကြတယ်။ ဒီလူတွေအားလုံးကို ကြည့်ရတာ ဝမ်းနည်းနေပုံရပြီး တစ်ချို့သူတွေဆိုကုတ်အကျီတစ်ခုလုံး သွေးနဲ့ရွှဲနေပြီး ထိခိုက်ထားကြတယ်။ စောင့်ကြည့်မျှော်စင်ပေါ်က တာဝန်ကျစစ်သားက သူ့ရဲ့ မှန်ဘီလူးကိုယူလိုက်ပြီး လူတိုင်းရဲ့မျက်နှာကို တစ်ယောက်ပြီးတစ်ယောက်စစ်ဆေးတော့တယ်။ ဆယ်မိနစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ဂီယာစက်သံတွေဖွင့်နေတဲ့အသံကိုကြားရပြီး ဂိတ်တံခါးကြီးဟာ ဖြည်းညှင်းစွာပွင့်လာတော့တယ်။
     ဂိတ်ပေါက်ကိုဖြတ်ပြီး အစောင့်အရှောက်ကားတန်းဝင်လာတာနဲ့ လမ်းမကြီးရဲ့ဘေးနှစ်ဖက်လုံးမှာ ရပ်စောင့်နေကြတဲ့ လူအုပ်ကြီးက နားကွဲမတတ်အားပေးသံတွေကို အော်ထုတ်လာကြတယ်။
     ကျန်းရွှီဟာ ငြင်သာစွာ သက်ပြင်းချလိုက်ပြီး နှာခေါင်းရိုးပေါ်က ကွေးနေတဲ့တစ်ဖက်ပဲပါတဲ့မှန်ဘီလူးကို ချွတ်လိုက်တယ်။ ပြီးတဲ့နောက် သူ့ရဲ့ ဖိုင်တွဲတွေကို ကောက်ယူပြီး ဓါတ်ခွဲခန်းကနေ ထွက်သွားတော့တယ်။ သူဟာ လမ်းမကြီးဘေးနှစ်ဖက်မှာ ပျော်ပွဲရွှင်ပွဲကို ကြည့်ရှူနေတဲ့ ညပ်သိပ်နေတဲ့လူအုပ်ကြီးတိုးဝှေ့ဖြတ်သန်းလိုက်ပြီး ပျားပန်းခပ်လှုပ်ရှားနေတဲ့ ကုန်လှောင်ရုံနံပါတ်၈ကို သွားတဲ့လမ်းတစ်လျှောက် လျှောက်လာခဲ့တယ်။ သူ့ရဲ့ဘေးနားက ဘာမှရိတ်သင်မထားတဲ့ ချွေးတလုံးလုံးလူတွေနဲ့ယှဥ်ရင် သူ့ကိုကြည့်ရတာ အလွန်ကို သန့်ရှင်းနေတယ်။ ဆံပင်ကိုလည်းပဲ သေသေသပ်သပ်ဖြီးသင်ထားသလို သူ့ရဲ့အလုပ်ဝတ်စုံကတောင်မှ ဘာအစက်အပြောက်မှမရှိဘူး။ ဖိနပ်ကိုလည်းပဲ သန့်ရှင်းထားတယ်။ သူ့ရဲ့တည်ဆောက်ပုံကတော့ သိပ်ပြီးတော့မသန်မာဘူးဆိုပေမယ့် တကယ်တော့ သူက ထင်သလောက်မပိန်ပါးသလို သူ့ရဲ့မျက်နှာပေါ်မှာလည်း တည်ကြည်ဖြောင့်မတ်တဲ့ ချောမောခန့်ငြားမှုတို့ရှိတယ်။ တစ်ကိုယ်လုံးအမွှေးအမျှင်တွေထူပြီး နွားတွေနီးနီးလောက်သန်မာတဲ့ ဥရောပသားတွေနဲ့ယှဥ်ရင် သူ့ပုံစံက အားနည်းလွန်းတယ်။ နောက်တစ်ခုက သူဟာ လက်နက်တွေနဲ့ တိုက်ခိုက်ခြင်းတွေကို စိတ်မဝင်စားဘူး။ "ယောက်ျားဆန်တယ်"ဆိုပြီး ကိုယ့်ကိုကိုယ်ဂုဏ်ယူနေကြတဲ့ ဒီနိုင်ငံမှာ လှည့်စားနေတဲ့အရာတွေကို ပြုလုပ်ဖို့ နေ့တိုင်းနေ့တိုင်း ဓါတ်ခွဲခန်းမှာအချိန်ကုန်ဆုံးရတာကိုပဲနှစ်သက်တယ်။
      
       သူ့အဖေက ဒီအချက်နဲ့ပက်သက်ပြီး သူ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ တကယ်တော့ , သူ့အဖေက သူနဲ့ပက်သက်ပြီး ဘယ်အရာကိုမှ သဘောမကျတာပါ။

      နက်မှောင်နေတဲ့မျက်လုံးတွေ အညိုရောင်ဆံပင်တွေနဲ့ ညစ်တစ်တစ်အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ အညိုရောင်လည်သာဂျက်ကတ်နဲ့ယောက်ျားတစ်ယောက်က မော်တော်ဆိုင်ကယ်နဲ့ရောက်လာပြီး သူနဲ့မနီးမဝေးမှာရပ်လိုက်တယ်။ အဲ့ဒီလူဟာ ကျန်းရွှီကို ဝှေ့ယမ်းပြလိုက်ပြီး ဂျာမန်လေယူလေသိမ်းနဲ့ အဂ်လိပ်လို ပြောလာတယ်။
' အစောင့်အရှောက်ယာဥ်တန်းရောက်လာပြီ။ ကွန်မန်ဒါကျန်းက ငါ့ကို သိုလှောင်ရုံအမှတ်(၈)က အဆင်သင့်ဖြစ်နေပြီလားလို့ မေးခိုင်းလိုက်တယ်။ '

   ' အကုန်လုံး အဆင်သင့်ဖြစ်နေပြီ '
ကျန်းရွှီက ပိုပြီးစံမှီတဲ့အဂ်လိပ်လေယူလေသိမ်းနဲ့ ပြောလိုက်တယ်။

   'မင်း အဆင့်ဖြစ်နေပြီဆိုတာကို ငါသိတယ်။ သောက်ရမ်းကြောက်ဖို့ကောင်းတဲ့နတ်ဆိုးနဲ့တွေ့ပြီး သူ့ကို မင်းရဲ့ကိုယ်ပိုင်လက်တွေနဲ့ တစစီဖျက်ဆီးရမယ်ဆိုတော့ မင်းစိတ်မလှုပ်ရှားဘူးလား'

  အဲ့လူဟာ ဆိုင်ကယ်ပေါ်မှာ ခြေပစ်လက်ပစ်လှဲနေပြီး သူ့ကို မျက်စိမှိတ်ပြလိုက်တယ်
' ငါ ကြားတာတော့ ပြုပြင်မွမ်းမံခြင်းစပြီဆိုတာနဲ့ ဘယ်သူမှ ရှိနေလို့မရဘူးဆို?'

ကျန်းရွှီကမျက်လုံးတွေကို ပင့်လိုက်ပြီး အဲ့ဒီလူကို တစ်ချက်ကြည့်လိုက်တယ်
' ဂျိမ်းစ် အရှုံးပေးလိုက်တော့ မင်း ဝင်လာလို့မရဘူး '

ဂျိမ်းစ်လို့ခေါ်တဲ့လူဟာ သူဒီလိုဖြေမှာကို အစောကြီးကတည်းက မျှော်လင့်ထားသလိုနဲ့ ဒေါသထွက်မသွားခဲ့ဘူး။ အဲ့ဒီအစား သူက ရယ်ရုံရယ်လိုက်ပြီး စိတ်မဝင်စားဟန် ပခုံးတွန့်ပြလိုက်ကာ

'ကြိုးစားရမှာပေါ့' လို့ပြောပြီး
သူ့ရဲ့ဆိုင်ကယ်ကိုစီးပြီး အဝေးကိုထွက်သွားတော့တယ်။

Note-
အပိုင်း(၁)ကျန်တာကို မနက်ဖြန်တင်ပေးပါမယ်နော်
Words-1393

《 机械师 》The Mechanic Drive Folder || ဘာသာပြန် ||Where stories live. Discover now