အပိုင်း [၃] : 'နောက်ပိုင်းတွင် ဆရာနှင့်တပည့်အချင်းချင်း ကျောခိုင်းလိုက်ကြသည်'

108 23 3
                                    

အပိုင်း [၃] : 'နောက်ပိုင်းတွင် ဆရာနှင့်တပည့်အချင်းချင်း ကျောခိုင်းလိုက်ကြသည်'

အသက် (၂၈) နှစ်‌တွင် ယွီဟွမ်းကျောင်းတော် ၏ ဆရာသခင်ဖြစ်နေပြီးသော ချန်မင် သည် သူ၏ ပထမဦးဆုံး တပည့် ကို လက်ခံခဲ့သည်။

ယွီဟွမ်းကျောင်းတော်မှာ ကျင့်ကြံရေးဂို‌ဏ်းကြီးတစ်ခု မဟုတ်သော်လည်း ချန်မင် ထိုကျောင်း၏ ဆရာသခင် ဖြစ်လာသည့်နောက်ပိုင်းတွင် ထို
တောက်ဓမ္မ ကျောင်းတော် မှာ နာမည်ကျော်ကြားလာသည်။ ထိုအချင်းအရာသည် ကျန်းဟူ* လောကတွင် လူသိများသည်။

[ကျန်းဟူ* : 'မြစ်ချောင်းများနှင့်အင်းအိုင်များ' ဟု အဓိပ္ပာယ်ရ၍ သိုင်းလောကနှင့် သိုင်းလောကနှင့် ဆက်စပ်သော လူများအားလုံးကို ရည်ညွှန်းရာ တွင် သုံးသည် ]

လူများစုသည် ထို နေရာ၏ ကျော်ကြားသော ဂုဏ်သတင်းကြောင့် ‌ဆွဲဆောင်ခံရပြီး ဂိုဏ်းအတွင်းသို့ ဝင်ရောက်ချင်သော်လည်း ချန်မင်သည် ထိုသူများအား တစ်ချက်မှလှည့်မကြည့်ပေ။ ကောင်းမွန်သော ပါရမီရှိသည့် သူများအား ချန်မင်  ရံဖန်ရံခါ ကြုံတွေ့သည့်အခါတွင်  ထိုသူတို့အား တပည့်အဖြစ် လက်ခံရန် အတွက် ဆရာတူညီငယ်များထံသို့ ပို့ပေးလေ့ရှိသည်။ မိမိကိုယ်တိုင်မှာတော့ စိတ်နှလုံးအား တောက်ဓမ္မကျင့်ကြံရာတွင်သာ နှစ်မြုပ်ထားပြီး မိမိ၏ ဘဝတစ်လျှောက်လုံး တာအိုဝါဒ ၏ လျို့ဝှက်ဆန်းကြယ်သော နိယာမများ အား လေ့လာဆည်းပူးရန်သာ ဆုံးဖြတ်ချက်ချထားလေသည်။

ထိုအချိန်၌ ယွင်ဝေ့စစ်သည် (၁၅)နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။

ကံကြမ္မာဆိုး သူ၏မိသားစု အပေါ်တွင်ကျရောက်သောအခါတွင် သူမှလွဲ၍ မိသားစု အတွင်းရှိ လူအားလုံး အသတ်ခံလိုက်ရသည်။ သူသည် သူ၏ မျိုးနွယ်စု မှ ထုတ်ပယ်ခံလိုက်ရပြီး ဆင်းရဲမွဲတေသော ‌အိမ်ခြေမဲ့ တစ်ဦး ဖြစ်လာသည့်အတွက် လောကတစ်ခွင် ချုပ်နှောင်ခြင်းကင်းမဲ့စွာဖြင့် လှည့်လည်သွားလာ နေရသူ ဖြစ်လာသည်။

ရွှေကျင်ခတ်ပိုးဝတ်ရုံထည်များ နှင့် ကျောက်စိမ်း စားဖွယ်များ* ၊ ကဗျာ ၊ စာအုပ်များ နှင့် လောကနီတိများ အားလုံးသည် လွှင့်မျော‌သွားသော တိမ်တိုက်များသဖွယ် တမဟုတ်ချည်း ပျောက်ကွယ်သွားဘေသည်။

ဝေးကွာခြင်းမှသည် ( Estranged ) | မြန်မာဘာသာပြန်Where stories live. Discover now