အပိုင်း [၉] : ဒီအရှင်သခင်က သူ့ရဲ့ဆရာကို မသတ်ရဲဘူး လို့ ခင်ဗျားယုံနေတာလား

95 20 0
                                    

အပိုင်း [၉] : ဒီအရှင်သခင်က သူ့ရဲ့ဆရာကို မသတ်ရဲဘူး လို့ ခင်ဗျား တကယ်ကြီး ယုံနေတာလား

"  ဒီဆရာကို လွှတ်ပေးအုန်း "

ချန်မင် သူ့၏ လက်မောင်းကို  ထိလိုက်ပြီး သူ့၏ ဆုပ်ကိုင်မှု ကို ဖြေလျော့သင့်ကြောင်း အရိပ်အမြွက်ပေးလိုက်၏ ။

ဒါကလည်း တစ်ခုခုမှားနေသလိုပဲ...

သူ့ရဲ့ ဆရာကို လွန်ခဲ့တဲ့ နှစ်များစွာ တုန်းက ပုန်ကန် ခဲ့ပြီးပြီ.. ဘာလို့ သူ့ရဲ့ စောက်ကျိုးနည်း ရှစ်ဖူ ကို အခုထိ နာခံနေရမှာလဲ ?

ကျိုးခယ့်ယီသည် ရွှင်လန်းမှု ကင်းမဲ့စွာ ရယ်သွမ်းလိုက်သည်။

" ငါ အခု စစ်ပြီးပြီ...ခင်ဗျားမှာ ကျင့်စဉ်ကျင့်ကြံမှုလည်း မရှိဘူး...ခင်းဗျားရဲ့ ဒန်တျန်း* ကလည်း ပျက်စီးသွားပြီ... အခု သုံးစားမရတဲ့ လူ ဖြစ်နေပြီပဲမလား ? လူအိုကြီး ... အဲဒါ ခင်ဗျားနဲ့ တန်တယ်... ဒါတောင် ငါ့ရဲ့ ရှေ့မှာ ပေါ်လာရဲသေးတယ်ပေါ့ ? ဒီအရှင်သခင်ရဲ့ဆရာဖြစ်ဖူးတိုင်း ခင်ဗျား ကို မသတ်ဘူး လို့ ထင်နေတာလား ? "

[ ဒန်တျန်း* :  လူ့ခန္ဓာကိုယ်၏ ချီစွမ်းအင် စုစည်းရာ နေရာ ]

သူ စကားပြောပြီးသည်နှင့် လက်ကို အနည်းငယ် မြောက်လိုက်ပြီး နီစွေး၍ တဟုန်းဟုန်းတောက်ပနေသော သိပ်သည်းသည့် ချီစွမ်းအင်များသည် သူ့၏ လက်ဖဝါးပေါ်တွင် ပေါ်လာလေ၏ ။ သူ ထိုတိုက်ခိုက်မှု တစ်ချက်ကို ချန်မင် ထံ ပစ်လွှတ်၍ ထိုသူ၏ အရိုးများ အားလုံးကို အမှုန့် ခြေ ပစ်ပြီး မချိမခံသာသော ဝေဒနာ ဖြင့် သေဆုံးအောင်ပြုလုပ်နိုင်လေသည်။

" ဒီနှစ်တွေ ထဲ မှာ ငါ ဘယ်ရောက်နေတာလဲဆိုတာ မသိချင်ဘူးလား ? ဘာလို့ ငါ အခု ထိအသက်ရှင်နေတာ လဲ ...နောက်ပြီး ဘာဖြစ်ခဲ့တာလဲ ဆိုတာရော ? "

ချန်မင် သည်  ဤ ပရမ်းပတာ ဆန်သော အခြေအနေတွင် တည်ငြိမ်၍ မတုန်မလှုပ် ရှိနေသည်။ သူ သည် အနီးနား ပတ်ဝန်းကျင်သို့ ဝေ့ဝိုက်ကြည့်လိုက်ပြီး ထိုင်ရန်အတွက် သန့်ရှင်းသည့် ဝတ်ပြုဖျာ ကို ရှာကြည့်သော်လည်း ထိုဖျာ အားလုံးသည် သွေးများ စွန်းထင်နေသောကြောင့် ၎င်းတို့ထဲမှ အသန့်ဆုံးတစ်ခုကိုသာ ရွေး၍ တင်ပျဉ်ခွေ ထိုင်လိုက်၏ ။

You've reached the end of published parts.

⏰ Last updated: Jan 20 ⏰

Add this story to your Library to get notified about new parts!

ဝေးကွာခြင်းမှသည် ( Estranged ) | မြန်မာဘာသာပြန်Where stories live. Discover now