အပိုင်း ၇

322 20 0
                                    


နောက်တစ်နေ့ ဂျီမင်' တ‌စ်ယောက် ဂျောင်ကု' အိမ်ဆီသို့.....

သူ အိမ်ရှေ့ရောက်တော့ အရင်တစ်ခေါက်ကလိုပဲ ခြံတံခါးကဖွင့်ရက်သား မို့' ဂျီမင်'လဲ ခြံဝန်းထဲ ဝင်လာခဲ့လိုက်သည်။စိမ်းစိုနေသည့် ခြံဝန်းကြီးထဲ ကလေးလေးတွေ ပြေး ဆော့ကစားနေကြသည်ကို မြင်လိုက်ရသည်။

ရုတ်တရက် ကောင်လေးရှိရာကို ကြည့်လိုက်တော့
စာရေးစားပွဲတစ်ခုပေါ်သို့ လက်လေးထောက်ကာ ကလေးတွေကို ကြည့်ပီး ရီမောနေသည်။ သူလာတာကိုတောင်
သတိမထားမိဘူးထင်ပါရဲ့။
အဖြူရောင် Tshart Free ဆိုဒ် လက်တိုလေးနှင့် ခြည်'ဘောင်ဘီအပွကြီးကိုဝတ်ဆင်ထားသည်။
အိမ်နေရင်း အဝတ်စားနဲ့တောင်မှ ‌ဂျွန်ဂျောင်ကု' ဆိုသည် ကောင်လေးဟာ ဆွဲဆောင်မူ့ရှိလွန်းနေသည်။
သူ ကောင်လေးကို ငေးနေချိန် ကလေးတ‌စ်ယောက် သူ့ရှေ့ရောက်လာသည်ကို သတိမထားမိလိုက်ပါ။

"ဦးး ဦး ဦးဦးလို့.!!!

"ဟင်'!

"သားခေါ်နေတာကြာပီ

"ဟင် ဟုတ်လား

ဟုတ်လောက်မည်။ ကောင်ငယ်လေးက သူခေါ်နေတာ မထူးလို့ နှုတ်ခမ်းလေးဆူကာ ပြောလာသည်။ ဂျီမင် သူလုပ်ရပ်ကြောင့် မျက်နှာပူမိ၏။ တော်သေးတာက ကလေးလေးမို့ ဂျောင်ကုသာဆို အရှက်ကွဲမှာအမှန်ပင်။ သူမသိခင် သူ့ကိုခိုးကြည့်နေမိတာ။ အခု ဂျီမင်မှာ သူခိုးလူမိဆိုသလို ဖြစ်သွားရ၏။

"ဪ ပြောလေ သားက ဦးဦးကို ဘာပြောမလို့လဲ'

"ဦးဦးက ဘူလဲဟင်' Teacher ရဲ့ ရဲဆားလား?
Teacher ပြောတာ သူ့ ရဲဆားးက လှရယ်တဲ့ ဒါဆို ဦးဦးမဟုတ်လောက်ဘူးထင်ရယ် ဟီးးး

ကလေးရဲ့ မပီကလာပီကလာ စကားလေးကို မနည်းနားထောင်လိုက်ရပေမဲ့ ကြားရတဲ့ စကားတွေကြောင့်
ဂျီမင် စိတ်ထဲ မကျေနပ်ချင်ပါ။

"သူ့မှာ ရည်းစားရှိတယ်လား ။ ငါကပဲတစ်ဖက်သက်ဖြစ်နေမိတာလား။ ခံစားချက်တွေ အလွန်အကျွံ မဖြစ်ခင် သူ့မှာ ရည်းစားရှိနေတာ သိလိုက်ရလို့ တော်သေးတယ်။ ဟူးး

"ဦးဦး

"ဗျ '

"ဦးဦးက Teacher ဆီယာတာလား?

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now