အပိုင်း ၉

299 16 0
                                    


"ကဲ အားပဲ မင်္ဂလာပါ '

"မင်္ဂလာပါ ဗျ / ရှင့် ( ပြိုင်တူထွက်သံ )

ဆေးရုံပြန်ဖွင့်ရက်မို့ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ပီး လုပ်ကိုယ်စီလုပ်ကြရင်းအချိန်ကတစ်ဖြေး" ကုန်မှန်းမသိကုန်ခဲ့ကြသည်။ ဂျီမင်' တစ်ယောက် nurse ယွန်း နဲ့အတူနှစ်ယောက်သား လူနာတွေက်ိုလိုက်လံစစ်ဆေးရင်း ဆေးရုံပတ်လမ်းလေးအတိုင်း လျှောက်လာခဲ့သည်။

"ဒေါက်တာ ပိတ်ရက်မှာပျော်ခဲ့ရဲ့လား?

"ဪ... ဟုတ်ကဲ့ ပျော်ခဲ့ပါတယ်

"ဟီးးးး ယွန်း' ဒေါက်တာမင်'ကို မေးစရာလေးရှိလို့ အဲ့ဒါ...

သူနာပြု ယွန်း တစ်ယောက် သူမေးမဲ့စကားကို အာရုံစိုက်နားထောင်နေသူလေးကို သေချာအကဲခက်ပီးမှ.....

"တစ်ခြားတော့မဟုတ်ပါဘူး။ ဒေါက်တာ မှာရည်းစားရှိလား လို့ပါ

"ဟင်!!

ရုတ်တရက်ဆန်သည့် ယွန်း ရဲ့စကားကြောင့် ဂျီမင် ကြောင်သွားပေမဲ့ ယွန်းကိုပြန်ကြည့်မိတော့ ပြုံးပြုံးကြီးနေသည်မို့ ကစားကွင်းထဲ ယွန်းနဲ့ မထင်မှတ်ဘဲ ဆုံတော့မလို့အဖြစ်ကို သတိရမိသည်။ အ့တုန်းက ရှောင်နိုင်ခဲ့ပေမဲ့ ယွန်း သူ့ကို မမှတ်မိလောက်ဘူး ထင်ခဲ့တာ။ အခုလို မေးလာပုံထောက်ရင် မှတ်မိနေသည်ထင်၏။ ကောက်ကာငင်ကာမေးလာတဲ့ ယွန်း ကြောင့် ဂျီမင် ဘာပြန်‌ေပြာရမလဲမသိတော့ပါ။ အမှန်ဆို သူနဲ့ကိုယ်က သူတို့ထင်နေသလို မှမဟုတ်တာ။

"ယွန်း က ဘာလို့မေးတာလဲဟင်

"ဟီးးးး ဒီလိုပါ ဟိုနေ့က ဒေါက်တာမင်ကို ကောင်ချောချောလေး တစ်ယောက်နဲ့ ကစားကွင်းထဲမှာ တွေ့လိုက်သလားလို့ပါ

"ဪ အင်း အ့ အ့ဒါက သူငယ်ချင်းပါ

"ရားးး!! ဒီလောက်ချောတဲ့ သူငယ်ချင်းရှိတာကို မိတ်တောင်မဆက်ပေးဘူးနော် ဒေါက်တာမင်က တအားရှိုတာဘဲ

"ဟင်

"လုပ်ါ တစ်ခါလောက်မိတ်ဆက်ပေးပါလား နော် နော်လို့

"အင်း အင်းပါ

ကလေးပူဆာသလို အနားကဂျစ်တိုက်နေတဲ့ ယွန်းကိုကြီးပီး ဂျီမင် ပြုံးလိုက်မိပေမဲ့ စိတ်ထဲတွင်တော့ သူနာပြုယွန်းကို မေတ္တာပို့နေမိတယ်။ ဟိုက သူ့ကိုကြိုက်မှာတဲ့လား။ အခုခေတ်မိန်းကလေးတွေ တော်"ကိုမလွယ်ပါလား။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now