အပိုင်း ၁၅

5.4K 212 4
                                    

ဘာလိုလိုနဲ့ အသက်တို့သူငယ်ချင်းတစ်ဖွဲ့ ရွာမှာသောင်တင်နေတာ နှစ်လပင်ပြည့်တော့မှာဖြစ်သည်။ ဘယ်လောက်ပဲ ဒီမှာအချိန်အတော်ကြာတဲ့အထိနေခဲ့တယ်ပဲပြောပြော ကိုယ်ကဧည့်သည်ဆိုတော့ အချိန်တန်ရင်အိမ်ပြန်ရမှာပဲလေ။ အသက် မောင့်ကို အိမ်ပြန်မယ့်ကိစ္စခုချိန်ထိမပြောရသေးပင် ...မပြောရဲတာလည်းပါပါသည်။သို့ပေမယ့် မပြောမပြီး မတီးမမြည်ဆိုသလိုပင် မပြောလို့လည်းမရဆိုတော့ မောင့်ကိုပြောပြဖို့ သူနေရာချိန်းဆိုလိုက်သည်။

လယ်ကွင်းတွေပေါ်ကနေ ဖြတ်သန်းတိုက်ခတ်လာတဲ့လေပြေလေးတွေက အသက်ရဲ့ခန္ဓာကိုယ်ကို၀င်တိုက်ပွတ်သပ်သွားကာ ကျီစယ်နေကြသလိုပင်။ညနေခင်းအချိန်အခါဆိုတော့ လေတဖြူးဖြူးလေးနဲ့နေလို့ကောင်းပေမယ့် အအေးဒဏ်သိပ်မခံနိုင်တဲ့အသက်အတွက်တော့ အနည်းငယ်အေးစပြုလာပြီဖြစ်သည်။

ထိုစဉ် အနောက်ကနေ သူ့ခန္ဓာကိုယ်သေးသေးလေးကိုပွေ့ဖက်ကာရင်ခွင်ထဲထည့်လိုက်တဲ့သူကြောင့် အသက်မျက်လုံးများမှေးစင်းသွားသည်အထိ ရယ်မိလိုက်သည်။ မောင့်ရဲ့ခန္ဓာကိုယ်နွေးနွေးလေးကတော့ ဘယ်ချိန်ပဲဖြစ်ဖြစ် အမြဲတမ်းနွေးထွေးနေတာပင်။လေတိုက်လို့ ဖရိုဖရဲဖြစ်နေတဲ့ သူ့ရဲ့ဆံနွယ်နီလေးတွေကို မောင်ကနားရွက်နားမှာသပ်တင်ပေးလိုက်ပြီး ပေါ်လာတဲ့နားရွက်ရဲရဲလေးကို အနောက်ကနေ သွားဖြင့်တတိတိလာကိုက်နေတာကြောင့် အသက်ခန္ဓာကိုယ်လေး တွန့်သွားရတော့သည်။

"မောင် မလုပ်နဲ့ ငါမနေတတ်ဘူးယားတယ်"

"အချစ်ကလည်းကွာ"

ပြောလို့ဆိုလို့မရတဲ့မောင်က သူ့နားရွက်တွေအပြင် သူ့ဂုတ်ပိုးနဲ့ လည်ပင်းတွေကိုပါလာနမ်းနေတာကြောင့် လူကပျော့ခွေချင်သလိုဖြစ်လာရတော့သည်။ခွေးပေါက်လေးလို သခင့်အနား ခေါင်းလေးတိုးဝေ့ကာ ချွဲနေတဲ့သူကြောင့် အသက်မှာအသည်းတယားယားဖြစ်နေရပါသည်။

ထိုစဉ် သူ့ရှေ့ရောက်ရှိလာတဲ့ နှင်းဆီပန်းသုံးပွင့်။ကိုင်းတစ်ခုထဲမှာပင် ပန်းသုံးပွင့်,ပွင့်နေတာဖြစ်သည်။အသက် မောင့်ကိုနောက်လှည့်ကာမော့ကြည့်မိတော့ မောင်က ယူလေ*ဆိုတဲ့ ပုံစံလေးဖြင့် မေးဆက်ပြလာသည်။အသက် မောင်ပေးတဲ့ပန်းလေးကိုလှမ်းယူလိုက်ပြီး အသာအယာနမ်းရှိုက်မိလိုက်တော့ မွေးပျံ့တဲ့ရနံ့လေးက နှာ‌သီးဖျားထဲတို့ဝေ့လို့ရောက်ရှိလာတော့သည်။

ချစ်ရပါတယ် မောင့်အသက်ရယ် (Complete)Where stories live. Discover now