အပိုင်း ၁၆

5.5K 228 12
                                    

သူကြီးအိမ်မှာ ရွာသူရွာသားတွေအများအပြားရောက်ရှိနေကြပြီး သူကြီးပြောလာမဲ့စကားအတွက် ကာယကံရှင်နှစ်ယောက်ရဲ့ကိုယ်စား မျှော်လင့်တကြီးနဲ့ စောင့်‌စားနေကြသည်။သူကြီးရဲ့အိမ်ရှေ့မှာ ကွပ်ပြစ်တစ်ခုခင်းထားပြီး သူကြီးတို့လင်မယားနှင့် ဖိုးသောကြာရဲ့အမေက ထိုင်နေကြသည်။သူတို့ရဲ့အနောက်မှာတော့ အသက်ရဲ့သူငယ်ချင်းအဖွဲ့နဲ့ ဖိုးသောကြာရဲ့ သူငယ်ချင်းအဖွဲ့က စုရုံးကာရပ်နေကြသည်။

မိန်းမဖြစ်သူငှဲ့ပေးတဲ့ ရေနွေးကြမ်းကိုတစ်ခွက်သောက်ချလိုက်ပြီး ရှေ့ကမြေကြီးပေါ်မှာဆောင့်ကြောင့်ထိုင်နေတဲ့နှစ်ကောင်ကို သူကြီးမျက်မှောင်ကျုံ့ကာ ကြည့်လိုက်မိသည်။

"မင်းတို့ကို တစ်ရွာလုံးအပြင် ငါကိုယ်တိုင်ကပါ သဘောတူပေးထားတာမဟုတ်ဘူးလား "

"ဟုတ်ပါတယ်"

သူ့‌အမေးကို ဖိုးသောကြာက၀င်ဖြေလိုက်တော့

"အေး ဟုတ်တယ်ဆိုရင် ဘာလို့ခိုးပြေးကြလဲ ယူချင်နေရင်လည်းငါတို့ကိုဖွင့်ပြောပြီးယူကြလေ အခုလိုခိုးပြေးတော့ လူကြားလို့မှကောင်းသေးရဲ့လား ပြီးတော့ ခိုးပြေးတော့လည်းသူငယ်ချင်းအိမ်ကိုမှခေါ်သွားရတယ်တဲ့ "

"...................."

နှစ်ယောက်စလုံးထံမှ ဘာစကားသံမှမထွက်လာတာကြောင့် သူကြီး စိတ်အချဉ်ပေါက်သွားရတော့သည်။ ဖိုးသောကြာတို့ခိုးပြေးတဲ့အိမ်က ကျော်ကြီးရဲ့အိမ်ဖြစ်ပြီး အဲ့နေ့က ကျော်ကြီးမိသားစုက မြို့တက်ကာ ပစ္စည်းတက်၀ယ်ပြီး ညအိပ်ဖြစ်မယ်ဆိုတာကို ဖိုးသောကြာသိနေခဲ့တာဖြစ်သည်။ကျော်ကြီးကတော့ အိမ်မပြန်လိုက်ရဘဲ ဖိုးသောကြာအိမ်မှာသွားအိပ်ပြီး ဖိုးသောကြာရဲ့အမေနဲ့အကိုကို မနက်ရောက်မှပြောပြလိုက်တာဖြစ်သည်။

"မင်းတို့အခုမှငြိမ်ကုပ်‌မနေကြနဲ့ ဟိုကောင်မင်းကအကြီးဖြစ်ပြီး ရှေ့ကနေဦးဆောင်ပြနေတာလား ငါတို့မျိုးရိုးသိက္ခာကျတယ်ကွ"

အသက်ကိုပြောတော့ ကြားထဲကနေ ဖိုးသောကြာကပဲ ၀င်ပြောလေတော့သည်။အသက်ကတော့ ရှက်လွန်းလို့ ခေါင်းတောင်မဖော်တော့ပေ။

ချစ်ရပါတယ် မောင့်အသက်ရယ် (Complete)Where stories live. Discover now