(3) ယန့်ဝမ်

202 13 1
                                    

Unicode

(3) ယန့်ဝမ်

တကယ်လို့ လွန်ခဲ့တဲ့သုံးလလောက်ကသာ တစ်စုံတစ်ယောက်က လင်ဝေ့ရှီးကို လက်ထပ်ဖို့ကမ်းလှမ်းလာတယ်ဆိုရင် ဒေါ်လေးလင်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်ထည့်ပေးလိုက်ဦးမှာ။ ဒါပေမယ့် အခုတော့...

ဒေါ်လေးလင် ဝေခွဲမရဖြစ်နေရတယ်။ သူက လျှိုမြေပိုင်ရှင်ရဲ့မျက်နှာကိုလည်း အိုးမည်းမသုတ်ရဲဘူး။ သူ့မောင်ရဲ့ပစ္စည်းတွေကိုလည်း လက်မလွှတ်နိုင်ဘူး။ မိဘအိမ်ကထွက်ပြီး အခြားမိသားစုနဲ့လက်ထပ်ခဲ့တဲ့ အစ်မတစ်ယောက်အနေနဲ့ လင်မိသားစုအကြီးအကဲလို့ သတ်မှတ်လို့မရဘူး။ အကယ်၍ လင်ယုံရဲ့ပိုင်ဆိုင်မှုတွေကို ယူချင်တယ်ဆိုရင်တောင် နည်းနည်းပါးပါးပဲရလိမ့်မယ်။ ဒါပေမယ့် လင်ဝေ့ရှီးသာ သူ့သားကို လက်ထပ်လိုက်ရင်တော့ လင်ယုံရဲ့ပိုင်ဆိုင်မှုတွေအားလုံးက သူ့မိသားစုအတွက်ပဲဖြစ်သွားလိမ့်မယ်။ ဖြစ်နိုင်ရင် မြို့စားကျုံးယုံဆိုတဲ့ဂုဏ်ပုဒ်ကိုတောင် သူ့သားလီတအတွက် အုပ်ချုပ်သူတွေဆီမှာ တောင်းနိုင်လိမ့်ဦးမယ်။ .... ဒါက မြို့စား... နယ်နယ်ရရမဟုတ်ဘူး... ဘေးအိမ်က စာပေသမားဆိုတာထက် အများကြီးပိုကောင်းတယ်...။ ဒေါ်လေးလင်က သိပ်ကိုမနာလိုအားကျနေရပါတယ်။

ဒေါ်လေးလင်နဲ့အဘွားဝမ်မှာ ကိုယ်စီရည်ရွယ်ချက်လေးတွေရှိပြီး တစ်ယောက်ကိုတစ်ယောက် လွန်ဆွဲနေကြတယ်။ သက်ရှိလူသားလင်ဝေ့ရှီးကိုတော့ အလှဆင်ပစ္စည်းတစ်ခုအဖြစ် လုံးလုံးသတ်မှတ်ထားကြတယ်။ လင်ဝေ့ရှီးက အခန်းထဲမှာမတ်တပ်ရပ်နေပြီး စကားတွေကိုနားထောင်ရင်း မဲ့ပြုံးပြုံးလိုက်မိတယ်။ နောက်တော့ ရုတ်တရက် သုန်မှုန်သွားရင်း တံခါးကိုတွန်းဖွင့်လိုက်တော့တယ်။

သစ်သားတံခါးက နံရံနဲ့ပြေးဝင်ဆောင့်သွားလေရဲ့။ ခြံဝင်းထဲကလူနှစ်ယောက်လည်း လန့်ဖြန့်သွားတာပေါ့။ ဒေါ်လေးလင်က ကြောက်လန့်တကြားလှမ်းကြည့်ပြီး လင်ဝေ့ရှီးလက်ချက်မှန်းသိသွားတယ်။ တုန်လှုပ်မှုက ဒေါသတွေအဖြစ် ပြောင်းသွားတော့တာပဲ "မနက်စောစောစီးစီး ဘာတွေလျှောက်လုပ်နေတာလဲ၊ တံခါးကျိုးသွားရင် နင်လျော်နိုင်လို့လား"

အချစ်က..ဒုတိယအကြိမ်Where stories live. Discover now