မမသည်သာ

5.3K 14 0
                                    

ကျွန်တော်...
ကျွန်တော်ဟာ မ နဲ့ မတွေ့ခင်အထိတော့
ဂျလဘီကောင်လေးတစ်ယောက်ပါပဲ
ဒါပေမယ့် မ ကို ပထမဆုံးတွေ့ရချိန်မှာ တွေ့ရတဲ့ ဆွဲဆောင်အားကသိပ်ပြင်းလွန်းတာကြောင့်
မ သာချစ်ရင် လိမ္မာမယ်ဆိုပြီး ဆုံးဖြတ်လိုက်မိတော့တာပဲ
မ က ကျွန်တော်တို့ဘေး က အိမ်ကိုပြောင်းလာကြတဲ့ မိသားစုလေးထဲက အိမ်နီးချင်းအသစ်လေးပေါ့
မ ရဲ့ ဆံပင်တွေက ရှည်ပြီး နက်မှောင်ပျော့ပျောင်းတယ်
လည်တိုင်လေးကသွယ်တယ်
မျက်နှာလေးက လဲသိပ် ဆွဲဆောင်မှုရှိသလို
အသားလေးကလည်း ဝင်းစက်ညက်ညောနေတာပဲ
အကြာကြီးငေးနေတော့ မိန်းမ တို့ရဲ့ အာရုံခံစွမ်းနဲ့သူသိသွားတယ်ထင်ပါရဲ့ ကျွန်တော်ဘက်ကိုတစ်ချက်လှည့်ကြည့်တယ်
ကျွန်တော် မျက်နှာ အမူအရာပြောင်းမသွားရအောင် မနည်းထိန်းသိမ်းလိုက်ရတယ်
ရှုတည်တည်ကြည့်နေမိတာကိုး
အပြင်ပန်းကသာ ဘာမှမဖြစ်တဲ့ပုံဆောင်နေရပေမယ့်
ရင်ထဲမှာတော့ သိပ်ကို စွဲလမ်းမိသွားတာ သေချာနေပြီ စကတ်တိုလေးကြောင့်မြင်ရတဲ့
စွဲမက်စရာ ရှည်သွယ်သွယ်ပေါင်တံတွေ
မကြီးလွန်းပေမယ့်သေးတယ်ပြောမရတဲ့
ခပ်ကြီးကြီး ရင်သားအစုံ မို့မောက်တဲ့ တင်သားတွေကို မျက်လုံးထဲက မထွက်နိုင်လောက်အောင်ဖြစ်နေပြီ
လက်မခံချင်စိတ်နဲ့ မျက်နှာလွှဲလိုက်ပြီးသောက်လက်စ စီးကရက်ကို ဖွာလိုက်မိတယ်
ဒါပေမယ့် စိတ်နဲ့လူနဲ့မကပ်တော့တာကိုယ်ပဲသိပါတယ်လေ
သူလှည့်ကြည့်လိုက်တုန်းက ဝဲခနဲဖြစ်သွားတဲ့ဆံနွယ်တွေ ပန်းရောင်နှုတ်ခမ်းထူထူတွေ
မျက်ဝန်းညိုတွေထဲက အံသြရိပ်လေးတွေက်ိုပဲမြင်ယောင်နေမိတာကိုး

မ...

ဒါဒါ့ကို တစ်ယောက်ယောက်က စိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်မျိုးရသွားလို့ နောက်လှည့်ကြည့်မိတယ်
ကောင်လေးတစ်ယောက်ပါ အရိုင်းဆန်တဲ့ မျက်နှာမျိုးနဲ့ ကြည့်နေတော့ အံသြသွားရတယ်
သူ့မျက်နှာလေးကတော့ အရုပ်မဆိုးတဲ့အပြင် မျက်နှာထားသာပြင်လိုက်ရင် ကြည့်ကောင်းမယ့်သူလို့ တွေးလိုက်မိတယ်
သူ့ကို ကြာကြာ စိုက်ကြည့်ပြီးမှပဲမျက်နှာပြန်လွှဲလိုက်မိတယ် ဟုတ်တယ်လေ လူကို စူးစူးဝါးဝါးကြည့်နေတာ ဘာမှလည်းမလုပ်မိဘဲနဲ့
အထုပ်အပိုးတွေသယ်ပြီး
အိမ်ပေါ်တက်ခဲ့လိုက်တယ်
ကိုယ့်အခန်းထဲကိုယ်ရောက်တော့ စိတ်လွတ်လက်လွတ်နားချင်ပြီဆိုတော့ ဝတ်ထားတဲ့ အပေါ်အင်္ကျီကိုချွတ်လိုက်ပြီး လက်ပြတ်လေးနဲ့ ပဲ စကတ်ကိုတာင်မချွတ်တော့ပဲ အိပ်လိုက်မိတော့တယ်

ကျွန်တော်သိပ်လိုချင်တဲ့မWhere stories live. Discover now