အပိုင်း (၁) ။ ။ " စစ်ဆင်ရေး တာဝန် "

121 4 1
                                    

ကမ္ဘာလုံးဆိုင်ရာငွေမဲတိုက်ဖျက်ရေးအဖွဲ့ (FATF)
ခေါင်းခြောက်နေရတဲ့အချိန် ။

လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်တဲ့
ကမ္ဘာ့ဈေးကွက်တွေဖြစ်ကြတဲ့ …   ဥရောပတိုက် တစ်ခုလုံးကိုတောင်  အာရှသားတစ်ယောက်ထဲက ကစားကွက်လှလှလေးတွေနဲ့ အကွက်ရွှေ့သွားခဲ့တာ။

၂၀၁၉ ခုနှစ် အစောပိုင်း ကာလ ၊ မတ်လ ။ 

တရားမဝင်မှ တရားဝင်အဖြစ် ပြောင်းရွှေ့လိုက်တဲ့ ငွေတွေရဲ့ ဦးတည်ရာက  ပုဂ္ဂိုလ်ရေးအတွက်
ပိုင်ဆိုင်မှုများ  တည်ဆောက်ချင်ရျ် ၊ သို့မဟုတ်ပါကလည်း …  ရေရှည်မှာ  မိသားစုလိုက်
စားမကုန်နိုင်သည့် ပိုင်ဆိုင်မှုတွေကျန်ရစ်​စေခဲ့ချင်လို့ … ။ အတွေးများကတစ်ခုမှ မဟုတ်ပေ ။  တရားမဝင်မှ တရားဝင် ပြောင်းလဲသွားသည့် 
ငွေများစွာရှိသည်။ သည့်ပေတိုင် ၊ ထိုငွေများ၏ နောက်ဆုံး အနည်ထိုင်သည့် လားရာက 
ဘယ်စီသို့နည်း ။ ဤသည်ကိုတော့ မည်သူမှ
မသိကြပေ ။

ထိုအတွက် ခေါင်းကြီးရသည်။အာရှဈေးကွက်တင်မကပဲ ဥရောပဈေးကွက်အထိပါ နယ်ချဲ့ပြီး
စီးပွားရေးဈေးကွက်ကို ကြိုးကိုင်လာသည့်အခါ
မည်သူမှ သည်းမခံနိုင်ကြပေ ။ လက်လွှတ်ပေးဖို့ဆိုသည်မှာလည်း မဖြစ်နိုင် ။ သို့သော် ၊  ထိုလူကိုတော့ သူတို့တွေအမြဲ လက်လွှတ်ပေးခဲ့ရုံသာ … ။

မဟုတ် ၊ ထိုလူကိုယ်တိုင်ကိုယ်က ထိုးဖောက်စစ်ဆင်ရေးကို  ရှေ့တစ်လံလောက်အထိ
ကြိုမြင်နေခဲ့လို့ …

အဖွဲ့အစည်းတစ်ခုနှင့် တွေ့ဆုံရမည်ဟု
သူမထင်ထားခဲ့ပါ ။  သူ၏  ခေါင်းဆောင်ဖြစ်​သော ကပ်တိန် မက်ဒဲလား၏ အမိန့်တစ်ခုထဲနှင့်
သူဒီနေရာကို ရောက်လာခဲ့ရသည်။

" ဟန်နရီ ဝီလျှံ ဒရက်ကာ ။ ဩစတြေးလျ
အထူးထောက်လှန်းရေးတပ်ဖွဲ့က လက်ထောက်
ကပ်တိန် "

" ဟုတ်ပါတယ် "

" လိုက်လာခဲ့ပေးပါ "

သူ၏ အမည်နှင့် ရာထူးကိုပါ သိနှင့်နေခဲ့ပြီး
သူ့ကိုပါ  ဖိတ်ခေါ်နေသည့် အမျိုးသမီး၏
အနောက်သို့  စကားတစ်ခွန်းမှ မဟပဲ သူလိုက်ပါသွားလိုက်သည်။  ထိုအမျိုးသမီး၏ ပုံစံနှင့်
အဖွဲ့အစည်း၏ အဆောက်အအုံပုံစံကိုပါ မြင်ပြီး
သူ၏ စိတ်နှင့် ကိုယ်ကပါ  သိချင်စိတ်ပြင်းထန်
လျှက်််််််ရှိခဲ့ရာ …

" Mission Vax "Where stories live. Discover now