အပိုင်း (၂) ။ ။ " သူ ...! သူ ရှိနေခဲ့တယ်"

29 3 0
                                    

ဘေဂျင်း အရင်ဆိုက်ရောက်သည်။  ဘေးဂျင်းမှ
ယူနန်ပြည်သို့ ခရီးဆက်ခဲ့ကြသည်။ အဖွဲ့ဝင်များက တစ်ဦးနှင့် တစ်ဦး မသိသလို ၊ယခုမှ စရျ်
ဆုံဖူးကြသလိုပုံများနှင့် မျက်နှာစိမ်းများလို
ပုံသွင်းထားကြသည်။

"  ယူနန်ပြည် သွားကြမယ့် သူတွေပဲကိုး …! ။
လမ်းကြုံနေမှတော့ အတူပဲ သွားကြပါလား
ဆရာတို့ရ ။  ကျွန်တော်လည်း  ကျင်းဖော ပွဲတော်အမှီလေးပြန်ချင်တာနဲ့လေ "

" ကျွန်တော်က ရှီးမန်မြို့ သွားမှာ "

" ကျုပ်က ဆန်းယွန် "

" ရှီးမန် သွားဖို့ဗျ "

" ရှီးမန် ရောက်မှာလား "

" ဒီဘက်က ဆန်းယွမ် "

" ကျွန်တော်လည်း ဆန်းယွမ်ပဲ "

အသံများက တစ်ခွန်းတစ်စနှင့် မြို့နှစ်မြို့ကို
ပြောသည့် အသံများထပ်နေသည်။

" အားယား …! ဆရာတို့ကလည်း  အတိုင်အပေါက် မညီလိုက်တာဗျာ ။ သွားကြမှာ ယူနန်ပြည် တစ်ခုထဲကို … ။ ယူနန်ပြည် ဆိုတာကြီးကလည်း တိုင်းရင်းသားတွေ စုံတဲ့မြေဆိုတော့
ဒီနေ့လို ပွဲတော်ရှိပုံမျိုးနဲ့ဆို ရှီးမန် ၊ ဆန်းယွမ် သွားဖို့ ခက်မှာပဲဲဗျ "

" ဒါဆို ဘယ်ရလဲဗျာ "

အဖွဲ့မှ  လူးဝစ် မာကာအိုက  စိတ်မကြည်သလို
မေးလိုက်သည်။ ထိုအခါတွင် ကားသမားကြီးက
ရယ်ပြုံးပြုံးနှင့်

" ရောက်တုန်းလေး  လုံချွမ်းမြို့က
ကျင်းဖော ပွဲတော်လေး ပါဝင်ဆင်နွှဲသွားကြပါလား  ။ ဆရာတို့ပုံတွေကြည့်ရသလောက်ကလည်း  နိုင်ငံခြားသားပုံတွေ ဆိုတော့လေ "

" အဝေးကြီးလား ။ ရှီးမန်နဲ့ တော်တော်ဝေးသေးလား "

" ဟုတ်တယ် ဆန်းယွမ်ရော "

သူ၏ အမေးကို  ခရစ်ရှ်နားက ထပ်ရျ်
မေးလိုက်ပြီး ကားမောင်းသည့် ဦးကြီးကို
အကြည့်ထားသည်။

"  မဝေးပါဘူးဗျာ ။  လုံချွမ်းနဲ့ ဝေးလည်း
ဆရာတို့ သွားကြမယ့်  ရှီးမန်နဲ့ ဆန်းယွမ်က
အနီးလေး ကပ်နေတော့  ဝေးလည်း မိုင်နည်းနည်းပါ ။တစ်လံ တစ်ပြပေါ့  ။  လုံချွမ်းမှာ  ကျွန်တော့် ကားရပ်မှာ ၊ ဆရာတို့ ဆက်သွားမယ်ဆို
ရှီးမန် / ဆန်းယွမ် မြို့တွေရောက်မယ့် ကားသာရှာသွားတော့ ။ ဒီလိုပွဲနေ့ဆို ဘယ်သူမှ ကားမထွက်ကြဘူးဗျ ။ ကျွန်တော်််််တောင် မသွားမဖြစ်လေး ရောက်လာရလို့ …။ပွဲတော် ရှိနေတယ်လေ "

" Mission Vax "Where stories live. Discover now