Chapter 1

331 37 14
                                    

အချိန်မှာ ည၁၀နာရီခန့်ရှိလေပြီ။

ကားလမ်းမပေါ်တွင်ဖြတ်မောင်းနေတဲ့ကားလေးတစ်စီးပေါ်မှာတော့ လက်ထပ်ပြီးခါစစုံတွဲတစ်တွဲရှိသည် ပုံမှန်ချစ်လို့လက်ထပ်ထားကြတဲ့သူနှစ်ယောက်သာဆို ကားလေးထဲမှာစကားပြောသံတွေဆူညံနေလောက်ပေမယ့် မချစ်ဘဲလက်ထပ်ထားကြတဲ့လူနှစ်ယောက်အဖို့တော့ အပ်ကျသံကအစကြားနိုင်သည့်အခြေအနေမျိုးတွင်ရှိလေသည်။ နာရီဝက်ခန့်မောင်းပြီးသည့်နောက်တွင်တော့ လိုရာခရီးသို့ရောက်သွားသည့်အတိုင်း
ကားလေးမှာတဖြည်းဖြည်းအရှိန်သတ်၍ အိမ်ကြီးတစ်လုံးထဲသို့မောင်းဝင်လာခဲ့ပြီးရပ်တန့်သွားခဲ့သည်။

"ဆင်းလို့ရပြီ"

"အင်း"

အေးစက်စက်အသံနဲ့ပြောလာတဲ့သူကြောင့်Haechanလည်းအပိုစကားတွေပြောမနေတော့ဘဲ အင်းချလိုက်မိသည် အင်းလေ သူနဲ့Haechanကချစ်လို့ယူထားကြတာမှမဟုတ်ဘဲ မင်းလက်ထပ်ရမယ် Haechan ဆိုတဲ့အဖေ့စကားတစ်ခွန်းတည်းနဲ့သာ ဒီလူနဲ့သူလက်ထပ်လိုက်ရခြင်းဖြစ်သည်။

ဘာများနစ်နာစရာရှိမှာလဲ သူလည်းယောကျာ်းလေး ကိုယ်လည်းယောကျာ်းလေးပဲဟာ ပြီးတော့ သူကချမ်းသာတယ်ဆိုလို့သာ အဖေ့စကားကို Haechanလက်ခံလိုက်တာHaechanဘဝအတွက် ပိုက်ဆံကသာအရေးအကြီးဆုံးလေ။ ငယ်ငယ်တည်းက ပိုက်ဆံဆိုရင်လိုချင်သလောက်ရတဲ့Haechanက ပိုက်ဆံလောက်ဘယ်အရာကိုမှပိုမချစ် မိဘတွေကလည်းသူ့ကိုအမြဲတမ်းပိုက်ဆံပဲပေးထားပြီးပစ်ထားကြသည်ကိုး။ အဖေကအမြဲတမ်းအလုပ်ဆိုတာကိုပဲစိတ်ဝင်စားနေပြီး အမေကတော့ အလှပဲပြင် လောင်းစကားပဲလုပ် အဖေကအချိန်မပေးနိုင်တော့ အိမ်ထောင်ရေးဖောက်ပြန် ဒါတွေအားလုံးHaechanသိပေမယ့် ဘာတစ်ခုမှဝင်မပြောခဲ့ဘူး အချိန်တန်သူ့ကို ပိုက်ဆံပေးရင်သူကျေနပ်နေတာပဲ။

အချစ်တွေမေတ္တာတွေ ဘာတစ်ခုမှHaechanမသိသလို စိတ်လည်းမဝင်စားခဲ့ဘူး အခုလက်ထပ်ရပြန်တော့လည်းဘာဖြစ်လဲ အရင်လိုသူသွားချင်တိုင်းသွားလို့ရရင်ပြီးတာပဲHaechanကားပေါ်မှဆင်းပြီးမတ်တပ်ရပ်ကာ သူ့ဘဝအကြောင်းများတွေးနေမိခြင်းဖြစ်သည် ခဏလောက်အကြာ သူနဲ့လက်ထပ်ထားတဲ့လူအသံကြားတော့မှ....

"Perfect"Where stories live. Discover now