Chapter 8

112 18 8
                                    


" Lee Mark ! "

" ...... "

" Lee Mark ! "

" ...... "

" Lee Mark !! "

" ဘာလဲ ! ဘာဖြစ်လို့ အဲ့လောက်တောင် ခေါ်နေတာလဲ ! "

Haechanကမထူးမချင်းခေါ်နေတာကြောင့် Lee Markလည်း စိတ်မရှည်တော့ဘဲ ထူးလိုက်ရတော့သည်။

" ဟာ ! ခင်ဗျားက ကြားရဲ့သားနဲ့ ပြန်မထူးတာပဲ "

" ဟုတ်တယ် တမင်မထူးတာ ငါဒီမှာ အလုပ်လုပ်နေတယ်လေ Lee Haechan ! "

" ခင်ဗျားက တစ်နေကုန်အဲ့အလုပ်ဆိုတာချည်းပဲ ဒါနဲ့များ ဘာလို့ကျွန်တော့်ကို လက်ထပ်ခဲ့သေးလဲ အဲ့အလုပ်ကိုပဲ လက်ထပ်ခဲ့ပါလား "

"ဟူးး တော်ပြီ မင်းနဲ့မပြောတော့ဘူး ငါ့အလုပ်လုပ်ချိန်တွေလျော့ကုန်မယ် မင်းလည်း မင်းလုပ်စရာရှိတာလုပ် "

" ပြီးတာပဲ "

Haechanက Lee Mark၏ အပြောကို ပြုံး၍ တုံ့ပြန်ကာ ပြောလိုက်သည်။

" Lee Haechan !! "

" ဟားဟား ဟားဟား "

" မင်း !! "

" ခင်ဗျားပဲပြောတာလေ လုပ်စရာရှိတာလုပ်ဆို ဘာလို့အခုမှ စိတ်လာတိုပြနေရတာလဲ ! "

Lee Markက လုပ်စရာရှိတာ လုပ်ဟုပြောလိုက်လေတော့ Haechanက အသင့်ဆောင်ထားသည့် စီးကရက်နှင့် မီးခြစ်အားထုတ်၍ စီးကရက်အား မီးညှိ၍ သောက်နေတာကြောင့် Lee Markဟာ စိတ်တိုရခြင်းဖြစ်လေသည်။

" မင်းငါ့ကို မသောက်ဘူးလို့ပြောထားတယ်လေ Haechan "

Lee Mark၏ အသံဟာ မာကျောသယောင်နှင့် နူးညံ့၏။

" ခင်ဗျားကို ပြောခဲ့တာ ကျွန်တော့်ကို တစ်ယောက်တည်း အပြင်ထွက်ခွင့်ပေးမှ မသောက်တော့ဘူးပြောခဲ့တာလေ အခုကအရင်လို တစ်ယောက်တည်းမှ အပြင်ကိုမထွက်ရတော့တာ အဲ့တော့... ကျွန်တော်သောက်ချင်တဲ့အချိန် ပြန်သောက်မှာပေါ့ "

Haechanက မျက်ခုံးတစ်ဖက်ကို အသာပင့်၍ ဆိုသည်။

" မင်းမရစ်စမ်းနဲ့ Lee Haechan !! "

" ကျွန်တော့်ကို အော်စရာ ဘာအကြောင်းမှ ရှိမနေဘူးနော် Lee Mark !! "

"Perfect"Место, где живут истории. Откройте их для себя