1_i wanna know all about you

337 11 5
                                    

7:30AM⏰

"သား ဆောင်းဟိုရေ...ထတော့လေသားရဲ့
ပထမဆုံးနေ့ကို ကျောင်းနောက်ကျလို့ဖြစ်မလား"

" ahh...ငါးမိနစ်ပဲ အိပ်ဦးမယ် မေရာ"

"မေနဲ့ဖေ အလုပ်သွားရတော့မှာ ကိုယ့်သားလေးကို တစ်ခါထဲ ကျောင်းလိုက်ပို့ချင်လို့ မရဘူးလား?အခုမထရင် ဘတ်စ်ကား စီးရမှာနော် ငပျင်းလေး "

"ကားစီးမယ် ကား...မေတို့ကားနဲ့ လိုက်မှာ
ခုထပြီ"

"အဲ့လိုလုပ်စမ်းပါ ရေချိုးပြီး မနက်စာစားရအောင် ဆင်းခဲ့"

"ဟုတ်"

Seoul ကို ဖေနဲ့မေတို့ အလုပ်ကြောင့် ပြောင်းရွှေ့ခဲ့တာ တစ်ပတ်ပဲရှိသေးတယ်။ဒီနေရာနဲ့ ဆောင်းဟို ဘယ်လိုမှ အသားမကျသေး။Incheon မှာလဲ ငယ်ပေါင်း သူငယ်ချင်း ဂျယ်ဟျွန်းတစ်ယောက်ပဲရှိခဲ့တာ။အေးအေးဆေးဆေးနေတတ်တဲ့ ကျွန်တော့်ကို မာနကြီးတယ်၊ရေခဲတုံးလိုလူ ဆိုပြီး ဘယ်သူမှ မရောခဲ့။စကားကို ဘုနဲ့ဘောက် ပြောတတ်တဲ့သူမို့ အပေါင်းအသင်းနည်းတာ မဆန်းပါဘူး။ဂျယ်ဟျွန်းကိုပါ seoul လာနေဖို့ ပြောရမယ်... ငါတစ်ကယ် ပျင်းလို့ အရည်ပျော်နေပြီ သူငယ်ချင်းရေ!

"ကျောင်းရောက်ပြီသား...မေတို့ အလုပ်နောက်ကျနေပြီ အထဲထိ လိုက်မပို့တော့ဘူးနော်။အဆင်မပြေတာရှိရင် အတန်းပိုင်ဆရာကို ပြော ဟုတ်ပြီလား။"

"ဟုတ် အိမ်ရောက်မှတွေ့မယ်။ဖေကြီး ကားကို ဂရုစိုက်မောင်းပါ"

"အေးပါသား။မုန်ဖိုး ထပ်ယူသွားဦး ရော့။သူငယ်ချင်းအသစ်တွေနဲ့ မုန့်အတူတူဝယ်စားကြ"

"아싸 !(ဟုတ်ပြီကွ) ပေးရင်တော့ နောမူသန့်ခယူပါ ဂိမ်းစက်အသစ်ဝယ်ရမယ်"

"ကောင်စုတ်လေးကတော့ကွာ ㅎㅎ"

ကျောင်းတက်ခေါင်းလောင်းထိုးပြီ🔔
( In Class 3) ယာယီအတန်းခေါင်းဆောင်- "ကလေးတို့ ပထမအချိန်က Mathsတဲ့"

"အာ လာလာချင်း ဦးနှောက်ခြောက်​ေ.သ အောင်လုပ်နေတာပဲ ကျောင်းလစ်ရင်ကောင်းမလား လစ်ပြီးသွားစရာလဲ မရှိဘူး။အိပ်နေလိုက်တော့မယ်"

"ဟေး နင်က ကျောင်းသားအသစ်လား တစ်ခါမှ မမြင်ဖူးလို့"

မိတ်ကပ်တွေ1mmအထူလောက် လိမ်းထားပုံရတဲ့ ကောင်မလေးက လာမေးတော့ မော့ကြည့်ပြီး မေးဆတ်ပြလိုက်တယ်။
ငါ့ကို လာရောနေတာလား?
you're not my type,okay?

Orangeju:something that refreshes your heart🍊Nơi câu chuyện tồn tại. Hãy khám phá bây giờ