10_he's so precious for meeee🔐

63 6 0
                                    

....

ဂျယ်ဟျွန်း examပြီးနောက်ရက် ဆိုးလ်ကို တက်လာခဲ့သည်။သူလာမယ်ဆိုတာ ဆောင်းဟိုကို ကြိုပြီး မပြောပြထား။ချစ်သူငယ်ချင်းလေး သူ့ကိုမြင်ရင် မေးပြုတ်ထွက်မတတ်
အံ့သြပါစေတော့ဟု မျှော်လင့်နေသည်။

ဆောင်းဟိုတို့အိမ်ရောက်တော့ သကောင့်သားက နေဖင်ထိုးနေပြီကို အိပ်ရာကမထသေး။သူလည်း ဆောင်းဟိုကို နှိူးဖို့အခန်းထဲဝင်လာခဲ့တော့တယ်။

"ဆောင်းဟိုရား"

အိပ်နေတဲ့ဆောင်းဟိုကို လန့်နိုးစေလိုက်ခြင်းဖြင့် နှုတ်ဆက်လိုက်သည်။ဂျယ်ဟျွန်းတွေးထားသည်မှာ..

"ဟေ့ရောင် ဂျယ်ဟျွန်းနား ဘယ်တုန်းကရောက်နေတာလဲ အကြောင်းမကြားဘာ
မကြားနဲ့"

အံ့သြဝမ်းသာရင်းက မတွေ့တာကြာတဲ့ ဂျယ်ဟျွန်းကို ဖက်လဲတရင်းနှုတ်ဆက်မယ်ပေါ့။လက်တွေ့မှာတော့ "အခန်းထဲက ထွက်သွား"ဆိုပြီး အိပ်ခုတင်ပေါ်တက်ထိုင်နေတဲ့သူ့ကို ဆောင်းဟို ကန်ချပစ်လိုက်တယ်။သူရောက်လာတာ စိတ်ဝင်စားပုံ တစ်စက်မှမပြပဲ စောင်ခြုံကာ ပြန်အိပ်သွားသည်မို့
မေးထွက်မတတ်အံ့သြရသူက ဂျယ်ဟျွန်း ဖြစ်နေရသည်။

ဆောင်းဟိုအိပ်နေတုန်း ဂျယ်ဟျွန်းဧည့်ခန်းထဲမှာပဲ ဂိမ်းထိုင်ဆော့နေလိုက်တော့သည်။အန်တီတို့လည်းအလုပ်သွားပြီမို့ အိမ်တွင် သူနှင့်ဆောင်းဟိုသာရှိသည်။ဧည့်သည်က အိမ်စောင့်ပေးနေရတာ ကြုံဖူးကြရဲ့လား။မြောင်ဂျယ်ဟျွန်းကတော့ တစ်သက်လုံးကြုံလာရတာပါ။ဂိမ်းစက်မှာ ဖုန်ပင်တင်နေလေပြီ။ပတ်ဆောင်းဟို ဂိမ်းမဆော့တော့တာလား...?ဂိမ်းမရှိရင် မနေနိုင်ဘူးဆိုတဲ့သူက ဘာတွေလုပ်ပြီးများ အသက်ရှင်နေတာလဲ။ဂျယ်ဟျွန်း တွေးနေတုန်းမှာပဲ ဆောင်းဟို သူ့အခန်းထဲက ထွက်လာခဲ့သည်။

"ဘာလဲဟ ဘယ်တုန်းကရောက်နေတာလဲ"

"ဆောင်းဟိုရား မင်းခေါင်းထိထားတာလား"

"ဘာလို့ထိရမှာ အကောင်းကြီး"

"ငါ မနက်ကတည်းကရောက်နေတာ မင်းကိုတောင် လာနှိူးသေးတယ် ငါ့ကိုကန်ချခဲ့ပြီး"

Orangeju:something that refreshes your heart🍊Where stories live. Discover now