5_"Enjoy your date!" by Kim Woonhak

94 11 4
                                    

"ဆောင်းဟို,သားရေ မေဖုန်းဆက်ရင်ကိုင်နော်။သူငယ်ချင်းအိမ်ကရော လွှတ်လို့လား။
ငါတော့ စိတ်မချဘူးနင်တို့ကို။စာမေးပွဲပြီးမှ မေတို့ လိုက်ပို့မယ်လေ"

"မေကလည်းဗျာ ညကခွင့်ပြုပြီးပြီကို ခုဘာဖြစ်တာလဲ"

"အဲ့တာကတော့ဟယ် နင့်အဖေက ဝင်ပြောပေးလို့ကိုး။ဘယ်လိုပဲ စဥ်းစားစဥ်းစား ကလေးနှစ်ယောက်တည်းကို ခရီးမလွှတ်ရဲပါဘူး"

"တကယ်ဆို ခွင့်မတောင်းပဲသွားလိုက်ရင်ကို မေတို့သိမှာမဟုတ်ဘူး။ဒါပေမယ့် သားအဲ့လို မလုပ်ဘူးလေ။မေတို့ကို ချစ်လို့၊လေးစားလို့ သေချာခွင့်တိုင်ပြီးမှ သွားတာ။ဒီလောက်ဆို သားကို ပေးလွှတ်မယ် ဟုတ်?"

"ကြည့်ဦး ဖအေတူလို့ စကားတတ်လိုက်တာများ"

"ဟီးဟီး ရုပ်ကတော့ မေ့တူလို့ ချောတာ"

"ဟုတ်ပါ့ ဟုတ်ပါ့"

သားအမိနှစ်ယောက် ရယ်မောနေကြပေမယ့် အခန်းတံခါးဝမှာရပ်နေတဲ့ ဆောင်းဟိုရဲ့ ဖေဖေက ချောင်းဟန့်သံပေးလိုက်တယ်။

"အဟမ်း အဟမ်း။သြော်... ငါနဲ့တူလို့ချောရင် busကား​မှတ်တိုင်အထိ လိုက်ပို့မလို့ပဲ။ပြန်အိပ်လိုက်ပါဦးမယ်လေ "

"ဖေကြီး wait! သားတွေ့ဖူးသမျှ 40ကျော် အမျိုးသားတွေထဲ ဖေက အခန့်ညားဆုံးပဲ။
ချောတယ်ဆိုတာထက် မြင့်တယ်လေ
ဟုတ်တယ်မလား"

"အဲ့လိုများလား🤔"

"သွားမယ် သားပြင်ဆင်ပြီးပြီ"

ပတ်ဆောင်းဟိုဆိုတာ လူတွေကို သိမ်းသွင်းတဲ့နေရာမှာ ဆရာတစ်ဆူပဲ...ချိန်းထားတဲ့ busကား မှတ်တိုင်ရောက်တော့ ရီဝူးက ကြိုရောက်နှင့်နေပြီ။ရီဝူး ဒီနေ့အေးတာကြောင့်
မထူမပါး ဆွယ်တာအပြာရောင်ရင့်ရင့်လေး ဝတ်ထားပြီး beanie အဖြူလေးအောက်ကဆံစလေးတွေက နဖူးပေါ် ဝဲကျနေတော့ သက်ရှိအရုပ်ကလေးလို အီရီဝူးက ချစ်စရာအတိ >< လွယ်ထားတဲ့အိတ်ကြိုးကို လက်နှစ်ဖက်လုံးက ကိုင်ထားပြီး စောင့်ရတာ စိတ်မရှည်ပုံရတဲ့ ခြေထောက်တစ်စုံကတော့ ခြေဖျား ထောက်လိုက်၊ပြန်ချလိုက်နဲ့ အလုပ်ရှုပ်နေကြတယ်။ကားထဲကနေမြင်နေရတဲ့ သူ့ကို ချစ်စရာကောင်းလွန်းလို့ ပြေးပြီး ပါးနှစ်ဖက်ဆွဲညှစ်ချင်တော့တာပဲ...ဒီကောင်လေး လူကိုရူးသွားစေချင်လို့ ဒီလိုဝတ်စားထားတာလား!!

Orangeju:something that refreshes your heart🍊Where stories live. Discover now