နှောင်းခတ်ဦးညိုဆိုသည့်ဆယ်တန်းကျောင်းသားလေးအကြောင်းပြောရမယ်ဆိုရင်တော့ သူကရိုးတယ်အေးတယ် အတယ် အသားကဖြူစွတ်စွတ်နဲ့ ဆံပင်တွေကလဲအညိုရောင်တွေ နှုတ်ခမ်းကမထူမပါးအရွယ်အစားနဲ့ လူကောင်သေးသေးလေးပေါ့ သူ့မှာမိဘတွေမရှိတော့ဘူး ငယ်ငယ်ထဲက မြို့ငယ်လေးတစ်ခုက မိဘမဲ့ကျောင်းမှာနေခဲ့ရတယ် ဒါပေမယ့် အသက်16နှစ်ရောက်တဲ့အခါမှာတော့ သူ့ကို မြို့ကနာမည်ကြီးကျောင်းတစ်ကျောင်းမှာတက်ရောက်စေခဲ့တယ် အဲ့ချိန်မှာသူ့ဘ၀ကစကံဆိုးမှုတွေရောက်ရှိလာတော့သည်
"မင်း ဘာချိန်ထိ အဲ့လိုငေးနေအုန်းမှာလဲ နှောင်းခတ်ဦးညို"
"တောင်းပန်ပါတယ်"
နှောင်းလဲထိုင်နေရာကထကာ ထွက်သွားဖို့ပြင်တော့ ၀သာန်ကလက်ကောက်၀တ်ကနေပြန်ဆွဲလှည့်ကာ မေးရိုးကိုအားပျင်းပျင်းနဲ့တစ်ချက်ထိုးလိုက်တာမို့ နှောက်လဲကျသွားရသည်
"ကျစ် မင်းကဘာလဲ အာခံချင်နေတာလား နှောင်းခတ်ဦးညို မင်းလိုစောက်ခြောက်ကလေ ဟ မင်းအဲ့လိုကြည့်နေတာ ပြန်ထိုးချင်လို့လား လာလေ"
နှောင်းရဲ့မျက်နှာနား သူ့မျက်နှာကိုထိုးပေးကာ ထိုးလေဟုရွဲ့ပြနေသည် နှောင်းလဲမက်တက်ရက်ကာ ထထွက်လာခဲ့သည်
နှောင်းလဲအခန်းထဲကနေထွက်လာလိုက်ပြီ အိမ်သာသို့၀င်လာလိုက်ကာ အထိုးခံထားရလို့ ရဲနေတဲ့အနာကိုကြည့်ကာ မျက်ရည်ဝိုင်းနေမိသည်
ထို့နောက် သူ့ခါးကနွေးခနဲခံစားလိုက်ရပြီ လေပေါ်ရောက်သွားသလိုခံစားချက်.."ကြည့်အုန်း ဒီလောက်လေးထိုးလိုက်တာကို လာငိုပြနေတယ်"
ခုနကခံစားချက်ကတော့ နှောင်းကို ၀သာန်ကခါးကနေမကာ လက်ဆေးဘေစင်ပေါ်ကိုမတက်လိုက်တာပဲဖြစ်ပါတယ် အခုအနေအထားရ သူနဲ့ ၀သာန်ကမျက်နှာချင်းဆိုမှာဖြစ်နေပြီး အကွာအဝေးကလဲအနဲငယ်သာ
"နာနေလား ခနနော် "
၀သာန်လဲ ဘောင်းဘီအိတ်ကပ်ထဲကဆေးပုလင်းနဲ့ဂွမ်းတံလေးကိုထုတ်ကာ ဂွမ်းတံလေးပေါ်ဆေးတင်ကာ နှောင်းရဲ့မေးရိုးကဒဏ်ရာကိုညင်သာစွာတို့ထိလိမ်းပေးလိုက်တော့သည်