33

42 7 0
                                    

စာစဥ် ၃ : အပိုင်း ၃

အပိုင်း၃၃ : ယမ်းမှုန့်

အနားယူချိန် ဆယ့်ငါးမိနစ်ပင် မရှိသေးပဲ သံပုဆိန်က လက်ခုပ်တီး၍ အော်လိုက်သည်။ "အားလုံးပဲ ထကြပါ… အရှင်မင်းသား ရိုလန် ရောက်လာပြီ"

ဗန်နာသည် သူ့နေရာသို့ မကြာမီပင် ပြန်ရောက်လာသည်။ သူတို့ ယခင်က သင်ယူခဲ့ရသော အထူး လေ့ကျင့်မှုကြောင့် အမိန့်များကို အလိုအလျောက်ပင် လိုက်နာနေခဲ့သည်။ မကြာမီပင် သူသည် သူ၏ လှံတိုကို ယူလိုက်ပြီး သစ်သားရုပ်များကို ထိုးသွင်းရန် အသင့်အနေအထားသို့ ရောက်သွားခဲ့သည်။

မင်းသားနှင့် သူ၏ နောက်လိုက်များသည် သူတို့အနောက်မှ လျှောက်လာနေကြသည်။ ဗန်နာသည် သူ၏ မျက်လုံး ထောင့်စွန်းများမှ တဆင့် မင်းသားသည် သူ့အနားသို့ ရောက်လာသော အခါ ခြေလှမ်း အနည်းငယ် နှေးသွားသည်ဟု သတိပြုမိလိုက်သည်။

ရိုလန်က သက်ပြင်းအနည်းငယ် ချလိုက်သည်။ 'ညအိပ်နောက်ကျခြင်းသည် နံနက်ခင်းကို ဖျက်ဆီးကာ နံနက် အစောကြီး ထရခြင်းသည် တစ်နေ့လုံးကို ဖျက်ဆီးသည်' ဟူသော စကားသည် တကယ်ပင် မှန်ပေသည်။ သူသည် ရဲတိုက် ဝင်ရောက် စီးနင်းမှု၏ နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းအပြီးတွင် ပြည်သူ့စစ်၏ လေ့ကျင့်မှု ရလဒ်များကို သွားရောက် စစ်ဆေးရမည်ဟု သတိအပေးခံခဲ့ရသည်။

ရိုလန်က သူ့ကိုယ်သူ သနားနေသည်။ သူသည် တစ်ညလုံး မအိပ်ရသေးသဖြင့် တစ်နေကုန် အိပ်ငိုက်နေခဲ့သည်။ သို့သော်လည်း သူသည် လာကိုလာမှ ရမည် ဖြစ်သည်။ ယခုအချိန်တွင် အဖွဲ့သည် တိုက်ပွဲဝင်ရန် လေ့ကျင့်သည့် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သဖြင့် အဆင့်အမြင့်ဆုံး အရာရှိဖြစ်သော သူက အချိန်ကြာမြင့်စွာ ပေါ်မလာခဲ့လျှင် သူ့အသင်း၏ စိတ်ဓာတ်သည် မငြိမ်မသက် ဖြစ်သွားနိုင်သည်။

ကောင်းပြီ… တစ်စုံတစ်ယောက်က အဖွဲ့ကို လာရောက် စစ်ဆေးရင် ဘာများ ပြောလေ့ရှိသလဲ။ ရိုလန်က အနည်းငယ် တွေးလိုက်သည်။ 'ငါတို့ဟာ အချိန်ကောင်းတွေမှသာ ရဲဘော်ရဲဘက်တွေ ဖြစ်သလား ဒါမှမဟုတ် အခက်အခဲတွေ တွေ့ရတဲ့ အချိန်မှာလည်း ရဲဘော်ရဲဘက်တွေ ဖြစ်သေးသလား' အကယ်၍ ဤဆောင်ပုဒ်ကို အော်ခဲ့ပြီးသော အချိန်တွင် အဖြေတစ်ခုမှ မကြားခဲ့ရပါက ပတ်ဝန်းကျင် တစ်ခုလုံးသည် ကသိကအောက် ဖြစ်စရာ ဖြစ်သွားမည် မဟုတ်ပါလား။

စုန်းမလေးကိုလွှတ်လိုက်Where stories live. Discover now