57

48 5 0
                                    

စာစဥ် ၄ : အပိုင်း ၁၂

အပိုင်း ၅၇ : မြွေစုန်းမ ကာရာ

သို့သော်လည်း ဝင်ဒီသည် နိုက်တင်ဂေး မျှော်လင့်ထားသကဲ့သို့ စိတ်မလှုပ်ရှားသွားခဲ့ပဲ သံသယ ဝင်နေသော လေသံဖြင့် မေးလိုက်သည်။ "သူက တကယ်ပဲ ဒီလို ပြောတာလား"

"ဟုတ်တယ်... ကျွန်မ နယ်စပ်မြို့ကို မရောက်ခင်ကတည်းက သူဟာ အန်နာနဲ့ နာနာလို့ ခေါ်တဲ့ စုန်းမ နှစ်ယောက်ကို ကယ်ထားပြီးပြီ... အစကတည်းက မင်းသားဟာ စုန်းမတွေရဲ့ စွမ်းအားဟာ နတ်ဆိုးတွေကနေ လာတာ မဟုတ်ဘူးလို့ ယုံကြည်ထားပြီး ဒါက ကျွန်မတို့ရဲ့ ကိုယ်ပိုင် စွမ်းအားလို့ ပြောတယ်" တစ်ဘက်သားက လုံးဝ မယုံကြည်သည်ကို သဘောပေါက်သွား၍ နိုက်တင်ဂေးက ရုတ်တရက် ရပ်တန့်သွားသည်။

ဒါလဲ ကောင်းတာပဲ၊ သူမက တွေးလိုက်သည်။ ဤအရာသည် ဝင်ဒီ၏ အပြစ် မဟုတ်ချေ။ သူတို့သည် မင်းသားထံမှ တိုက်ရိုက် ကြားခဲ့ရသည့် အချိန်မှသာ ယုံကြည်နိုင်ကြမည် ဖြစ်သည်။ သို့တိုင်အောင် သူတို့က သံသယ ဝင်နိုင်ကြသေးသည်။ ဘာပဲပြောပြော ဤအရာသည် စုန်းမတိုင်း၏ ရင်အတွင်းမှ မျှော်လင့်နေသော အရာတစ်ခု ဖြစ်သည်။

စုန်းမများသည် အဖိနှိပ် ခံနေရသည်မှာ အချိန်များစွာ ကြာပြီဖြစ်ပြီး အရှေ့ပိုင်းမှ စ၍ ဖြတ်သန်း၍ မရသော တောင်တန်းများ၏ နယ်စပ်အထိ စုန်းမများသည် သစ္စာအဖောက်ခံရ၍ အစွန့်ပစ် ခံခဲ့ရသည့် ဇာတ်လမ်းများစွာတို့အား တွေ့နိုင်ကာ မည်သူတစ်ယောက်မှ သူတို့အား ကူညီရန် လက်ကမ်းပေးခြင်း မရှိခဲ့ပေ။

ဤအထိ တွေးပြီးသည်နှင့် သူမ၏ စိတ်လှုပ်ရှားမှုများသည် ဖြည်းဖြည်းချင်း ငြိမ်သက်သွား၍ ဤခရီးသည် သူမ ထင်သလောက် ချောမွေ့လိမ့်မည် မဟုတ်ဟု တွေးလိုက်သည်။

"ဝင်ဒီ... နင်က ငါ့ရဲ့ မှော်စွမ်းအားဟာ အရွယ်ရောက်ပြီးတဲ့ အချိန်ကစပြီး တိုးတက် ပြောင်းလဲလာတယ် ဆိုတာကို သိတယ်မလား... လူတစ်ယောက် အတွင်းက မှော်စွမ်းအား စီးဆင်းမှုကို တွေ့နိုင်တဲ့ အပြင် ငါက လူတစ်ယောက် လိမ်နေသလား ဆိုတာကိုလည်း ခွဲခြားနိုင်တယ်" နိုက်တင်ဂေးက လေးနက်စွာဖြင့် ပြောလိုက်သည်။

စုန်းမလေးကိုလွှတ်လိုက်Where stories live. Discover now