လူကြီးမင်းလေး-(၁)

255 27 10
                                    

"ကျွန်တော်ပြောတာ အဲ့ဘက်ကနားလည်မယ်လို့ထင်ပါတယ်"

"..."

Chanyeolသည်မျက်စိရှေ့တွင်ထိုင်နေသည့်သူအားကြည့်လျက်ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။ထိုသူကတော့သူ၏စကားနဲ့ပတ်သက်ပြီးစိတ်ထဲဘယ်လိုဖြစ်သွားမလဲမသိပေမဲ့လည်းChanyeolကတော့ရှင်းရှင်းလင်းလင်းပင်မိမိ၏စိတ်သဘောထားကိုပြောလိုက်သည်။

ဟုတ်သည်လေ...ကိုယ်ပြောတာလဲမှားလို့လား?ကိုယ်ကယောကျာ်းလေးတစ်ယောက်ဖြစ်တာကိုအခြားယောကျာ်းလေးတစ်ယောက်နှင့်လက်ထပ်ရမယ်ဆိုတာကိုယ့်သိက္ခာကိုစော်ကားသလိုဘဲလေ။ပြီးတော့တစ်ဖက်ကလူကိုလဲကိုယ်မသိသလိုမိသားစုချင်းရင်းနှီးလို့စိတ်ချရအောင်ဆိုပြီအခုလိုလက်ထပ်ပေးဖို့ပြောတယ်ဆိုတာကလည်းမဟုတ်သေးဘူး။

နည်းနည်းပါးပါးကိုယ့်ကိုမေးသင့်တယ်မဟုတ်ဘူးလား။လက်ထပ်မဲ့သူက‌ကိုယ်လေ။အဖေတို့အမေတို့မှမဟုတ်တာ။အဲ့ဒါကိုသူတို့စိတ်တိုင်းကျစီစဉ်လိုက်တယ်ဆိုတာ
ကိုကိုယ်အရမ်းဒေါသထွက်တယ်။ပြီးတော့မိဘကိုကြောက်ပြီးတသွေမတိမ်းစကားနားထောင်မဲ့ဆယ်‌ကျော်သက်ငယ်ငယ်လေးလဲကိုယ်မဟုတ်တော့ဘူး။Park companyဆိုတဲ့အရာကြီးကိုအုပ်ချုပ်နေတဲ့အသက်26နှစ်အရွယ်ရင့်ကျက်သည့်လူတစ်ယောက်ဖြစ်နေပြီ။

အရာရာကိုစဉ်းစားတတ်ပြီးဆုံးဖြတ်တတ်သည့်အရွယ်မှာမိဘတွေရဲ့ဟိုဟာလုပ်ဒီဟာလုပ်ရမယ်ဆိုတဲ့ပုံစံခွက်ထဲကလိုမျိုးမနေချင်တော့ဘူး။ဒါကြောင့်လည်းအထက်တန်းအောင်ပြီးကတည်းပင်ကိုယ့်ကိုအိမ်ခွဲထွက်ပြီး‌ကျောင်းတက်နေခဲ့ခြင်းဖြစ်သည်။အမေတို့ရဲ့ပုံစံခွက်ထဲမှာနေရတာလဲတအားကိုမွန်းကြပ်လွန်းပါဘိ။

ပြီးတော့Chanyeolဆိုတာပိုက်ဆံနဲ့စီးပွားရေးကလွဲရင်ကျန်တာစိတ်မဝင်စားတဲ့သူ။မွေးကတည်းကနေအခုထိရည်းစားတစ်ခါမှမထားဖူးသလိုအချစ်ဆိုသည့်အရာကိုလဲမယုံကြည်သည့်အရာပင်။Chanyeolကြည့်နေတာ လူတွေကအချစ်ကိုဘဝကြီးတစ်ခုလိုသက်မှတ်ပြီးချစ်နေလိုက်ကြတာ။ဟော...ကွဲလဲကွဲကြရော ငိုကြီးချပ်မနဲ့ပုံပျက်ပန်းပျက်တွေလေ။uniတက်တုန်းကအခန်းထဲကသူတွေတစ်ချို့ကိုကြည့်ပြီးChanyeolတစ်ယောက်ပညာတွေရသွားခဲ့တာပေါ့။

"လူကြီးမင်းလေး"Where stories live. Discover now