လူကြီးမင်းလေး-(၂)

152 16 4
                                    

Chanyeolကသူ့ကိုပစ်ပစ်နှစ်နှစ်ကျိန်ဆဲကာလက်ညိုးငေါက်ငေါက်ထိုးနေတဲ့သူကိုမျက်လုံးဝိုင်းလျက်သာကြည့်နေမိပြီးဘာမှကိုပြန်မပြောနိုင်ဘူး။ပြန်မပြောနိုင်တာကထိုလူ့ကိုကြောက်လို့တော့မဟုတ်ပါဘူး။Chanyeolပြန်ပြောမလို့ပါးစပ်ဟလိုက်တိုင်းထိုလူ့ရဲ့ခရားရေလွှတ်စကားကိုဘယ်လိုမှမဖြတ်နိုင်သည်ကြောင့်ပင်။

"မင်းတို့သားအမိကိုအလုပ်ပေးပြီးတင်ခေါ်ထားတဲ့ကျေးဇူးရှင်ကိုမှမင်းကလုပ်ကြံတာလား!မင်းကဘာအဆင့်ရှိလို့လဲ!မင်းလိုမြင်း ချေးကျုံးတဲ့သူကငါ့လိုလူမျိုးကိုနာကျင်အောင်လုပ်ရအောင်မင်းမှာဘာအဆင့်ရှိလို့လဲ!ငါ့ကိုအပြစ်ကင်းစင်တဲ့မျက်လုံးတွေနဲ့လာမကြည့်နဲ့!မင်းတို့သားအမိမြင်းချေးတောင်မကျုံးရဘဲလမ်းဘေးမှာအစာငတ်သွားတဲ့အထိငါလုပ်ပစ်လို့ရတယ်!ဟက်...နားလည်လား!"

ထိုလူ့ရဲ့စကားတွေကိုကိုယ်တကယ်နားမလည်ဘူး။ကိုယ့်ကိုမြင်းချေးကျုံးတဲ့ကောင်တဲ့။ပြီးတော့ကိုယ့်မိဘတွေပါပါလာတယ်။ကိုယ့်အသိုင်းအဝိုင်းကအဲ့လောက်ထိနိမ့်ကျတဲ့အသိုင်းအဝိုင်းလဲမဟုတ်ဘဲအရှေ့ကအဲ့ဒီလူကဘာတွေလျှောက်ပြောနေတာလဲ။

ထိုလူကပြောနေရင်းမောသွားလို့ထင်ပါတယ်။ခါးကိုထောက်ကာအသက်ရှူနေရင်းChanyeolကိုသတ်တော့မဲ့အတိုင်းရပ်ကြည့်နေတယ်။ထိုလူစကားပြောတာရပ်သွားမှဘဲChanyeolနားမလည်တဲ့စကားတွေကိုမေးဖို့လုပ်ရတော့တယ်။မဟုတ်ရင် Chanyeolရူးခါနီးနေပြီ။

"ဒါနဲ့ ဒါဘယ်နေရာလဲမသိဘူး။ကိုယ့်ရဲ့အခန်းလဲမဟုတ်ဘူး။မရင်းနှီးတဲ့နေရာဖြစ်နေလို့တစ်ချက်လောက်ရှင်းပြပေးနိုင်မလား"

Chanyeolကသိလိုစိတ်နဲ့မေးကြည့်လိုက်တယ်။သို့ပေမဲ့ပြန်ရလိုက်တာကလိုချင်တဲ့အဖြေမဟုတ်ဘဲတွန့်ချိုးနေတဲ့မျက်ခုံးတန်းနဲ့အတူစူးရဲစွာစိုက်ကြည့်လာတဲ့အကြည့်တစ်ချက်ဘဲဖြစ်တယ်။ခဏအကြာထိုလူ့ဆီကဟက်ကနဲရယ်သံနှင့်Chanyeolရှေ့ဆောင့်ချောက်ထိုင်လိုက်ပြီးဆိုလာခဲ့တယ်။

"မင်းကလှေကားပေါ်ကပြုတ်ကျပြီးဦးနှောက်လွတ်သွားခဲ့တာလား?"

"ဟမ်?"

ထိုသူ့စကားကိုChanyeolထပ်နားမလည်ပြန်ဘူး။ကိုယ်ကလှေကားပေါ်ကပြုတ်ကျခဲ့တာမှမဟုတ်ဘဲကိုယ့်အခန်းထဲမှာမူးလဲခဲ့တာ လေ။နိုးနိုးချင်းသာဒီနေရာကိုရောက်နေခဲ့တာမဟုတ်လား။ထိုသူကကိုရီးယားစကားတွေကိုပြောနေပေမဲ့ကိုယ်ဘာမှနားမလည်ဘူး။ပြီးတော့ထိုသူ့ရဲ့အကြည့်တွေကိုမကြိုက်ဘူး။

You've reached the end of published parts.

⏰ Last updated: Oct 29, 2023 ⏰

Add this story to your Library to get notified about new parts!

"လူကြီးမင်းလေး"Where stories live. Discover now