O

1.5K 106 25
                                    


ဆိုးလ်ကနေ14hr ကြာလေယာဉ်စီးပြီးနောက် NYကိုရောက်ရှိသွားသည်။လေဆိပ်ကိုရောက်သည်ဆိုရင်ဘဲ သူ့ကိုကြိုဆိုကြတဲ့ပရိတ်သတ်တွေက‌တိုးမပေါက်လောက်အောင်များပြားလှသည်။သူ့နာမည်ကိုအော်ဟစ်ပြီး ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း၊ကျန်းမာအောင်နေဖို့နဲ့ အမြဲတမ်းအားပေးနေမယ်ဆိုပြီး တယောက်တပေါက်ဖြင့် အလုယက်ပြောနေကြသည်။

ဂျောင်ဂုလည်း အပြုံးလှလှလေးနဲ့အားလုံ့းကို နှုတ်ဆက်လိုက်သည်။ခါးကိုကိုင်းကာ ခေါင်းကို90ံbow လုပ်ပြီး မီဒီယာသမားတွေနဲ့ ပရိတ်သတ်တွေကို ရို‌ေသသမှုနဲ့ထပ်ခါထပ်ခါနှုတ်ဆက်နေတော့ ချီးကျူးစကားတွေကညံစံလာတာပေါ့

သူ့ကိုယဉ်ကျေးတဲ့အနုပညာရှင်တယောက်အဖြစ် ပြောစမတ်ပြုကြသည်။CKကစီစဉ်ပေးထားတဲ့ ဝတ်စုံနဲ့ဘဲ လေဆိပ်ဆင်းတာဖြစ်လို့အပြာရောင် jean ဝမ်းဆက်နဲ့ အနက်ရောင်backpack ကိုလွယ်ကာ ကလေးလိုမျိုးပျော်ရွှင်မြူးထူးနေသည်။

ဆံပင်ကိုလည်းခပ်တိုတိုလေးဘဲညှပ်ခဲ့လိုက်‌ပြီး beanie ကိုဆောင်းထားတော့ ခေါင်းကလုံးလုံးလေးဖြစ်နေတာပေါ့။သူ့ပုံစံက စမတ် ကျတယ်ဆိုတာထက် အူယားစရာကောင်းနေသည်။

*မင်းသား ဂျောင်ဂု.....*

*ဟုတ်ကဲ့...*

*ကျွန်တော့်ကိုအကြိုလွှတ်လိုက်လို့ပါ..*

လေဆိပ်ရဲ့ထွက်ပေါက် အပြင်ကိုရောက်တော့ အသင့်စောင့်နေတဲ့အနက်ရောင်ကားတစ်စီးကတံခါးကိုဖွင့်လှစ်ထားပေးကာ တရို‌တသေနဲ့ပြောလာတဲ့ လူတယောက်ကြောင့် ဂျောင်ဂုလည်း ခေါင်းငြိမ့်ပြလိုက်သည်။သူတယောက်ထဲကားတစ်စီးဖြစ်ပြီး မန်နေဂျာကိုတော့ သူ့အနောက်ကကားမှာတက်စေလိုက်သည်။

ပြီးနောက် သူတို့အတွက်စီစဉ်ပေးထားတဲ့ ,hotelကိုဘဲတန်းမောင်းခဲ့တော့သည် ။
ခဏလောက် အနားယူပြီးမှ ကိုကို့ ဆီဖုန်းဆက်လိုက်မယ်လို့လည်း ဂျောင်ဂု တွေးလိုက်သည်။

*နေ့လည်စာအရင်စားမလား မင်းသား ။ဒါမှမဟုတ် အရင်နားလိုက်မလား....*

*တရေးလောက်မှေးမလားလို့ hyung ဆာရင်စားနှင့်နော်....*

*ဟုတ်ပြီ..ဒါဆို hyungဟိုဘက်အခန်းမှာရှိမယ် ။တခုခုလိုတာရှိရင် ဖုန်းဆက်လိုက်....*

FIRST L♡VE (Completed)Where stories live. Discover now